
ဧရာ၀တီတိုင်းမ်
မတန် ၂၉ ရက်
စစ်ကိုင်းမြို့ဗဟိုပြုကာ ယမန်နေ့ မတ် ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဒဏ်ကြောင့် သဘာဝဘေးကို ကြုံတွေ့ခဲ့ရသည့် ပြည်သူများ၏ အခက်အခဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များအနေဖြင့် အကူအညီပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MoD) ဝန်ကြီး ဦးရည်မွန်က ညွှန်ကြားခဲ့သည်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ ညွှန်ကြားချက်ကို ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပြီး မိမိတို့နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ တတ်စွမ်းသမျှ အစွမ်းကုန်ကူညီဆောင်ရွက်ပေးကြရန်၊ လိုအပ်ချက်များ ဆောင်ရွက်ထားရှိမှု အခြေအနေမှတ်တမ်းများကို သက်ဆိုင်ရာကွပ်ကဲမှုအဆင့်ဆင့်မှတစ်ဆင့် တင်ပြဆောင်ရွက်ကြရန် ဆိုထားသည်။
#ပြင်းထန်ငလျင်ဒဏ် #သဘာဝဘေး #ပြည်သူများ #PDF #အကူအညီပေးရန် #NUG #ကာကွယ်ရေးဝန်ကြီး #ညွှန်ကြား #Ayeyarwaddy_Times