
ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်
မြောက်ကိုရီးယားနိုင်ငံစာ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံဖို့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအ တွင်း ရုရှားသို့ တပ်ဖွဲ့ဝင် ၃၀၀၀ ထက်မနည်း ထပ်မံ စေလွှတ်ခဲ့ပုံပေါ်တယ်လို့ တောင်ကိုရီးယားစစ်တပ် က ပြောပါတယ်။
တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်များရုံးက ကြာသပတေးနေ့မှာ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ် ရေးလှုပ်ရှားမှုများဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ထောက်ပံ့ခဲ့တဲ့ စစ်လက်နက်တွေထဲမှာ တာတိုပစ်ဒုံးကျည်တွေ၊ ဟောင်ဝှစ်ဇာအမြောက် အလက် ၂၂၀ ခန့်နဲ့ ဒုံးပစ်လောင်ချာတွေ ပါဝင်တယ်လို့ အစီရင်ခံစာက ဖော်ပြပါ တယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားသို့ တပ်ဖွဲ့ဝင် ၁၁၀၀၀ ခန့် စေလွှတ်ခဲ့ဖွယ်ရှိ ပြီး ယင်းအနက် တပ်ဖွဲ့ဝင် ၄၀၀၀ ခန့် ဒဏ်ရာရ သို့မဟုတ် သေဆုံးခဲ့တယ်လို့ တောင်ကိုရီးယားက ပြော ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလအတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ဘက်သုံး သူလျှိုဂြိုဟ်တုတစ်လုံး လွှတ် တင်ဖို့ကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့ပါဘူး။
မြောက်ကိုရီးယားနိုင်ငံဟာ နောက်ထပ် ဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့ ရုရှားနိုင်ငံရဲ့အကူအညီနဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပုံပေါ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေက သံဆူးကြိုးတွေ တပ်ဆင်နေစဉ် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နှစ်နိုင် ငံနယ်စပ်အနီး မြေမြှုပ်မိုင်းတွေ ပေါက်ကွဲခဲ့ပြီး သေကျေထိခိုက်မှုတွေ ရှိခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ က ပြောပါတယ်။
ကိုးကား – NHK
Ref; North Korea likely sent 3,000 more troops to Russia this year: South Korea
#Ayeyarwaddy_Times