ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းရှိ နဂါးရစ်တောင်ခြေအနီးတွင် စစ်ကောင်စီနှင့် AA ပါဝင်သည့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက် ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၀ ဝန်းကျင်ခန့် သေဆုံးကြောင်း သိရသည်။

ယမန်နေ့ မတ် ၂၆ ရက်နေ့ ညပိုင်းတွင် နဂါးရစ်တောင်ခြေ၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၀ ဝန်းကျင်သေဆုံးခဲ့ကာ အလောင်းများကို ရေနံ့သာစစ်ဆေးရေးဂိတ်မှ ကျုံပျော် ဘက်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ကွင်းကောက်၊ ချင်းလယ်၊ လဲခုံကြီး အဲဒီရွာတွေက တောက်လျှောက်ဗုံးကြဲခံနေရတယ်။ သီတာကုန်းပြင်လည်း စစ်ရေးကပ်လာတော့ ဗုံးကြဲခံနေရပြီး ၃၄၄ ရဲ့ ကာကင်းစခန်း လေးခုမှာလည်း ထိတွေ့တိုက်ပွဲတွေရှိတယ်။ အနီးအတားကျေးရွာတွေက စစ်ရှောင်ဖို့ကြိုး စားလို့ ရေနံ့သာဂိတ်ကို ယာယီပိတ်ထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်ကို ပုသိမ်အခြေစိုက် အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်း (မဆရ ၄) သို့ အလျင်အမြန်ပို့ဆောင်ထားကြောင်း ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။

မြောက်စမ်းအမြောက်တပ်သို့ ဦးတည်လာသည့် စစ် ရေးအခြေအနေကြောင့် စစ်ကောင်စီတပ်က သီတာကုန်းပြင်ကျေးရွာအနီး၊ အေးရိပ်သာတောရကျောင်းအနီးနှင့် စိန်ကြီးရွာလမ်းခွဲ ပုသိမ်-မုံရွာလမ်းမကြီးပေါ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ig; ယောက်တစ်စုစီ ကင်းပုန်းဝပ်ခိုင်းထားကြောင်း ဒေသခံများထံမှ သိရ သည်။

စစ်ကောင်စီသည် မြောက်စမ်းအမြောက်တပ် အနီးနားကျေးရွာများမှ ဒေသခံများကို ထမင်းထုပ် ပို့ခိုင်းနေပြီး ယမန်နေ့ မတ် ၂၆ ရက်နေ့က သီတာကုန်းပြင်ရွာ အနီးတဝိုက်ကို တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေ ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

သီတာကုန်းပြင်ရဲစခန်းတွင် စစ်ကောင်စီက အင်အား ၅၀ ခန့် ဖြည့်တင်းလာပြီး ခံစစ်ကိုလည်း အားဖြည့်ထားကြောင်း တပ်သတင်းရင်းမြစ်က ဆိုသည်။

တစ်ရွာချင်း နောက်ဆုတ်လာရသည့် အမြောက်တပ်စုတစ်စုသည် နောက်ဆုံး အေးရိပ်သာတောရ ကျောင်းရှေ့သို့ ရောက်ရှိလာပြီးနောက် အဆိုပါ အမြောက်တပ်စုမှ စစ်ကောင်စီတပ်သား ၁၅ ဦးသည် ယမန်နေ့ညက အစုလိုက်ထွက်ပြေးသွားကြောင်း သိရသည်။

#ဧရာဝတီတိုင်း #အမြောက်တပ် #၃၄၄ #နဂါးရစ်တောင်ခြေ #တိုက်ပွဲပြင်းထန် #စစ်ကောင်စီတပ်သား #၄၀သေဆုံး #Ayeyarwaddy_Times