
ဂန့်ဂေါမြို့၊ ကျွန်းခုံသာရွာအနီး ထောင်ထားတဲ့ မိုင်း ၃ လုံးအား ရှင်းလင်းစဉ် YDF ရဲဘော်တစ်ဦးကျဆုံး
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၄ ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့ ၊ ကျွန်းခုံသာရွာအနီး မြစ်သားမြစ် တံတားပေါ်၌ မိုင်း ၃ လုံးအား ယောကာကွယ်ရေးတပ် (YDF) တပ်ရင်း (၃)မှ စစ်ဘေးရှောင်များအတွက် ရှင်းလင်းနေစဉ် YDF မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယောကာကွယ်ရေးတပ် ( YDF ) မှ မြစ်သာမြစ် တံတားပေါ်၌ မိုင်းထောင်ထားစဉ် စစ်ဘေးရှောင်ပြည်သူများက ဖြတ်သန်းသွားလာလိုကြောင်း အကြောင်းကြားလာသဖြင့် YDF မှ မိုင်းရှင်းလင်းပေးစဉ် နောက်ဆုံး ၁ လုံး၌ မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း သိရသည်။
ယောကာကွယ်ရေးတပ် ( YDF )မှ ကျန်ရှိသော ရဲဘော်များသည် အဆိုပါရုပ်လောင်းအား လိုက်လံရှာဖွေခဲ့ရာ မြစ်သားမြစ် ရေကြီးနေသဖြင့် ရုပ်အလောင်းအား မတွေ့ရှိဘဲ ဆုံးရှုံးခဲ့ရကြောင်း ရေးသားဖော်ပြထားသည်။
ထို့ကဲ့သို့ စစ်အာဏာရှင် စနစ်အား တော်လှန်ရင်း လမ်းခုလတ်၌ ကျဆုံးသွားသော ရဲဘော် ဖြိုးကြီးအား အာဇာနည်တစ်ဦးဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ရဲဘော်များမှ တော်လှန်ရေးအတွက် ပိုမိုကြိုးစားအားထုတ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။
ဓာတ်ပုံ – YDF တပ်ဖွဲ့ဝင်များအား မြင်တွေ့ရစဥ်
#Ayeyarwaddy_Times