ဒလန်ရှင်းလင်းရာတွင် လူမှားယွင်းခဲ့တဲ့အပေါ် Tiger Force Mandalay Team တာဝန်ခံဗိုလ်လရောင်မှ ဝန်ခံပြီး အပြစ်ခံယူမယ်လို့ဆို

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၄ ရက်

သြဂုတ်လ ၂၃ ရက်နေ့ မနတ် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မန္တလေးမြို့၊ လမ်း ၃၀၊ ၅၆×၅၇ လမ်းကြား၌ ဒလန်ရှင်းလင်းရာတွင် Hotel ဝန်ထမ်းလင်မယားကို CID ရဲမျူးထင်ပြီး ရှင်းလင်းခဲ့ရာ လူမှား၍ ရှင်းလင်းမိခဲ့ကြောင်း Tiger Force Mandalay Team က သတင်းထုတ်ပြန်ထားသည်။

“ဖရဲသီးက သတင်းပေးတာပါ။ CID ရဲမှူး စိုးကိုကိုရဲ့လူပုံစံ၊ ဆိုင်ကယ်နံပါတ်ရယ်၊ ယူနီဖောင်းရယ်နဲ့ အိမ်အဝင်အထွက်အားလုံးကို ပေးလာလို့ကျွန်တော်တို့ Souct Team က​ဟုတ်မဟုတ် သေချာစုံစမ်းပြီး Mission လုပ်ခဲ့တာပါ။ မရည်ရွယ်ပဲ လူမှားပြီး ပစ်မိလို့ အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ CID ရဲမျူးကလည်း ဖြစ်စဥ်အနားမှာရှိနေပြီး

မိ့သားစုနဲ့အဆတ်သွယ်ပြတ်နေတာပါ။ ဘာပဲဖြစ်ဖြစ် ပြစ်မှုမှန်ကန်ရင် တစ်ချိန်ချိန်မှာ ဒီအပြစ်ကိုခံယူပါမယ်”ဟု Tiger Force Mandalay Scout Team တာဝန်ခံ ဗိုလ်လရောင်က ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Tiger Force Mandalay Scout Team သည် မရည်ရွယ်ပဲ ဖြစ်သွားခဲ့သည့်အမှားအတွက် မည်သည်တော်လှန်ရေး အဖွဲ့အစည်းနဲ့မှ မသက်ဆိုင်ပဲ မိမိတို့အဖွဲ့တွင်သာ တာဝန်ယူခြင်းနှင့်တာဝန်ခံမည်ဖြစ်ကြောင်း နစ်နာသူမိသားစုများနှင့် ပြည်သူများအား ညိုးငယ်စွာအနူးအညွတ်တောင်းပန်ကြောင်း သတင်းထုတ်ပြန်ထားသည်။

#Ayeyarwdddy_Times