
ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေမှာ လောင်ကျွမ်းနေတဲ့ တောမီးငြှိမ်းသတ်ဖို့ တောင်ကိုရီးယားစစ်တပ်ဟာ မတ်လ ၂၆ ရက်က တပ်ဖွဲ့ဝင် ၉၉၀ ဉီးနဲ့ ရဟတ်ယာဉ် ၄၈ စင်း ထပ်မံ စေ လွှတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က စတင်ခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် လက်ရှိမှာ လူ (၁၈) ဉီးထက် မနည်း သေဆုံးခဲ့ပြီလို့ သိရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျံ့နှံ့နေတဲ့ မီးတောက်တွေကို ငြှိမ်းသတ်မှုကို အဟန့်အတားဖြစ်စေ ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်ကိုရီးယားစစ်တပ်ဟာ တောမီးထိန်းချုပ်ဖို့ လက်ရှိအချိန်ထိ လုံခြုံရေးတပ်ဖွဲ့ဝင် ၆၀၀၀ ခန့်နဲ့ ရဟတ်ယာဉ် ၂၄၂ စင်း စေလွှတ်ထားပါတယ်။
တောင်ကိုရီးယားစစ်တပ်ဟာ စောင်နဲ့ ရိက္ခာထုပ်လိုမျိုး ကယ်ဆယ်ရေးပစ္စည်း ၂၀၀၀၀ ခန့်နဲ့ အ ခြားအစိုးရဌာနတွေ ပိုင်ဆိုင်တဲ့ ရဟတ်ယာဉ်တွေအတွက် လောင်စာဆီ လီတာ ၄၀၀၀၀၀ ထောက်ပံ့ခဲ့ပါ တယ်။
တောမီးဘေးသင့်ဒေသနေ ပြည်သူတွေကို ထောက်ပံ့ဖို့နဲ့ တောမီးငြှိမ်းသတ်ဖို့ စေလွှတ်လိုက်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို အလေးထားဖို့ ခေတ္တ ကာ ကွယ်ရေးဝန်ကြီး ကင်ဆွန်ဟိုက ညွှန်ကြားခဲ့ပါတယ်။
ကိုးကား – Yonhap
Ref; Military deploys more personnel, choppers to fight wildfires
#Ayeyarwaddy_Times