
ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ရဲ့ ဖိလစ်ပိုင်ခရီးစဉ်မတိုင်မီ ဖိလစ်ပိုင်နဲ့အမေရိ ကန်နိုင်ငံတို့ဟာ တနင်္လာနေ့က တပ်ဖွဲ့ဝင် ၅၀၀၀ ပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါ တယ်။
အငြင်းပွား တောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေစဉ် ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံတို့က အခုလို စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာပါ။
ဖိလစ်ပိုင်နဲ့ အမေရိကန်စစ်တပ်ဟာ ပူးတွဲစစ်ဆင်ရေး ဆောင်ရွက်မှု၊ တိုက်ခိုက်ရေးစွမ်းရည် မြှင့် တင်မှု၊ ဖိလစ်ပိုင်ပိုင်နက်နယ်မြေ ကာကွယ်စောင့်ရှောက်ဖို့ ခိုင်မာတဲ့ ကတိကဝတ်ကို ပြသတာလို့ ဖိလစ် ပိုင်စစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
Pete Hegseth ဟာ သောကြာနေ့မှာ ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်မှာဖြစ်ပြီး သမ္မတ ဒေါ်နယ်ထ ရမ့်က ခန့်အပ်ပြီး အထက်လွှတ်တော်က အတည်ပြုပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး အာရှခရီးစဉ် ဖြစ်ပါ တယ်။
၂၀၂၂ ခုနှစ်မှာ ဖာဒီနန်မားကို့စ် သမ္မတဖြစ်လာပြီးနောက် မဟာမိတ်တွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အ မေရိကန်ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ရန်လိုမှုကို တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံက စစ်ဘက်အခြေစိုက်စခန်း (၄) ခုကို အသုံးပြုခွင့်ရတဲ့ သဘောတူညီချက်တစ် ရပ်ကို နှစ်နိုင်ငံစလုံးက ၂၀၂၃ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ရာ ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်စစ်ဘက်စ ခန်း (၉) ခုအထိ ရှိလာစေခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက ဒီဇင်ဘာလအတွင်း သူ့ရဲ့ ပင်လယ်ရေကြောင်း အကျိုးစီးပွားတွေကို ကာကွယ် ဖို့ အမေရိကန်နိုင်ငံထုတ် တာလတ် တိုင်ဖွန်းဒုံးကျည်စနစ် ဝယ်ယူဖို့ စီစဉ်ခဲ့ရာ တရုတ်နိုင်ငံကို အမျက် ထွက်စေခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအတွက် ၂၀၂၄ ခုနှစ် အ စောပိုင်းက ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ တိုင်ဖွန်းဒုံးကျည်စနစ် ဖြန့်ကြက်ခဲ့ပြီး တရုတ်ရဲ့ ဝေဖန်မှုရှိလင့် ကစား ယင်းဒုံးခွင်းစနစ်ကို ဖိလစ်ပိုင်နိုင်ငံမှာ ဆက်ထားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးပါက ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ အရေးပါတဲ့ မဟာမိတ်အဖြစ် ဆက်ရှိနေလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီးဟောင်း လွိုက်အော်စတင်က ခန့်မှန်းခဲ့ပါတယ်။
ကိုးကား – AFP
Ref; Philippines, US kick off army drills ahead of Hegseth visit
#Ayeyarwaddy_Times