စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဖက်မှ ၁၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်မ်း

ဩဂုတ်လ ၂၄ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပံပင်ရွာ အနီးတွင် ဩဂုတ်လ ၁၉ရက်နေ့၌ နယ်မြေကျူးကျော်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ အင်အား (၁၀၀) ခန့်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအန်ယူမှ သတင်းထုတ်ပြန်ထားသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးပီး ၄ ဦးဒဏ်ရာရရှိခဲ့ကြာင်းသိရပါသည်။ KNLAနှင့်ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရှိရပါသည်။

စစ်ကောင်စီတပ်များသည် နှစ်ဖက်ပစ်ခတ်မှုအပြီး အနီးနားရှိကျေးရွားများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မဲရုံးလေး၊ လက်ပံပင်၊ ကျောက်ပုံ ရွာများမှ ရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရေးသားဖော်ပြထားသည်။

ကေအဲန်ယူအုပ်ချုပ်နယ်‌မြေ တပ်မဟာ ၁ သထုံခရိုင်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၉၀၀၀၀ ကျော်ခန့်ရှိနေပီး ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ စစ်ဘေးရှောင်ဦးရေ ၂၀၀၀၀ ကျော်ထိ ရှိလာကြောင်း ကေအန်ယူထုတ်ပြန်ချက်များအရသိရသည်။

#စစ်ကောင်စီ #KNLA #တိုက်ပွဲ #သေဆုံး #ဒဏ်ရာရ

#Ayeyarwaddy_Times