သြဂုတ်လ ၂၄ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)
– မွန်ပြည်နယ်တွင် ဓားပြမှု၊ လုယက်မှု၊ အနုကြမ်းစီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ
– စစ်ကောင်စီက CDM ပညာရေးဝန်ထမ်း ၃၀၀၀ ကျော် Non CDM ပြန်ဝင်သည်ဟုဆို သော်လည်း ဧရာဝတီတိုင်းက ကျောင်းများတွင် ပြင်ပမှ ဆရာမများ ငှားရမ်းသင်ကြားနေရ
– ကုန်ဈေးနှုန်း အဆမတန်ကြီးလာပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေတာကြောင့် အခြေခံစက်ရုံ အလုပ်သမားတွေဟာ စားဝတ်နေရေးအတွက် လစာပိုပေးဖို့တောင်းဆိုနေကြပါတယ်
– ရိုဟင်ဂျာ ဒုက္ခသည်တွေ အနာဂတ်မျှော်လင့်ချက်နဲ့ နေရပ်ကို စိတ်ချလုံခြုံစွာ ပြန်နိုင်ရေးတို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာခဲ့ပါတယ်
– မြန်မာပြည်တွင်း ဒီဇယ် ၁ လီတာကို ကျပ် ၃၀၀၀ အထိ ဈေးနှုန်း ထပ်မံမြင့်တက်လာ
– မြဝတီ-ဝေါလေကားလမ်း (သုံးထပ်ကွေ့)အနီး ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့
– တာဝန်သိ ပြည်သူများ NUGPay ဖြင့် အခွန်ထမ်းဆောင်နိုင်
– တရုတ်နိုင်ငံအနေနဲ့ မြန်မာလူထုဘက်က ရပ်တည်ပေးဖို့ တောင်းဆို
– စစ်ကောင်စီက အရင်ရှိနေတဲ့ ခရိုနီတွေ နေရာမှာ ခရိုနီအသစ်တွေနဲ့ အစားထိုးဖို့ ခြေလှမ်းအစ ဖြစ်တယ်လို့ စောင့်ကြည့်သူတွေ ပြော
– နိုင်ငံခြား ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ရှိတယ်လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက စာရင်းထုတ်ပြန်