ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်

နိုင်ငံသား ၂၀၃ ဉီးကို အောင်မြင်စွာ ကယ်ဆယ်ပြီးနောင် မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေခံနေရတဲ့ ထိုင်ဝမ်နိုင်ငံသား ၂၃၅ ဉီး ပိတ်မိနေဆဲဖြစ်ကြောင်း ထိုင်ဝမ်သံတမန်တစ်ဉီးက ပြီးခဲ့တဲ့အပတ်မှာ ပြောကြားခဲ့ပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူအချို့ အဓမ္မ ခိုင်းစေခံရတဲ့သတင်းတွေ မကြာခ ဏဖြစ်ပေါ်နေစဉ် နိုးနိုးကြားကြား နေထိုင်ကြဖို့ ထိုင်ဝမ်အစိုးရက နိုင်ငံသားတွေကို သတိပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန ဒုတိယအကြီးအကဲ လင်ဟန်ဆန်က ပြော ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ မြန်မာရုံးဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရှိ လစာမြင့်အလုပ် တွေမှာ လုပ်ရမယ်လို့ ဖြားယောင်းခံခဲ့ရပေမယ့် ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေခံနေရတဲ့ ထိုင်ဝမ်နိုင် ငံသားတွေရဲ့ ရာနဲ့ချီတဲ့ အကူအညီတောင်းခံတဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံရရှိခဲ့ပါတယ်။

ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ နိုင်ငံသား ၄၃၈ ဉီးကို ကူညီဖို့ လုပ်ဆောင်ခဲ့ပြီး ၂၀၃ ဉီး နေရပ်ပြန်ပို့နိုင်ခဲ့ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားရာ ထိုင်းနယ်စပ် အနီး မြန်မာနိုင်ငံတွင်း တည်ရှိတာကြောင့် ကျားဖြန့်လူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့ ခက်ခဲနေတယ် လို့ လင်ဟန်ဆန်က ပြောပါတယ်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ဖို့ သံတမန်တွေအတွက် စိန်ခေါ်မှု တွေရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကျားဖြန့်တွေမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံသားတွေအကြောင်း သိရှိဖို့နဲ့ ၎င်းတို့လွတ်မြောက် ရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အနီးကပ် ဆောင်ရွက်နေတယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – Focus Taiwan
Ref; 235 Taiwanese forced to work for fraudsters still trapped in Myanmar: MOFA

#Ayeyarwaddy_Times