
ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိကျေးရွာများတွင် စစ်မှုထမ်းအတွက် အမည်စာရင်းပေးရာတွင် တိမ်းရှောင်နေသူများကိုစစ်ကောင်စီမှ ၀ရမ်းပြေးအဖြစ် စာရင်းကောက်ယူနေကြောင်း သိရသည်။
မတ် ၁၉ ရက်နေ့က ရေကြည်မြို့နယ်၊ ဂွေးတောက်ကျေးရွာအုပ်စုသို့ ရဲတပ်ဖွဲ့၀င်များ ရောက်ရှိလာပြီး စစ်မှုထမ်းရန် တိမ်းရှောင်နေသည့်လူငယ်များ၏ နေအိမ်များကို လာရောက် ရှာဖွေကာ စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။
“၀ရမ်းပြေးသတ်မှတ်လိုက်တယ်လို့ပြောတယ်။ ရောက်တဲ့နေရာမှာတွေ့ရင်ဖမ်းမယ် လို့လည်း ခြိမ်းခြောက်တယ်။ မိဘတွေကိုလည်းသားတွေကို ပြန်ခေါ်ဖို့ဖိအားပေးတာတွေ လုပ်သွားတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ရေကြည်မြို့နယ်တွင် မတ်လအစပိုင်းမှစတင်ပြီး စစ်မှုထမ်းရန် ကျေးရွာများကို တစ်ရွာလျှင် လူငယ် ငါးဦးရွေးချယ်ပေးရန် စစ်
ကောင်စီမှ စေခိုင်းခဲ့ပြီးနောက်ပိုင်းလူငယ်ချို့ နေရပ်မှ စွန့်ခွာတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီနှင့်ရဲများက ကျေးရွာများတွင် လူငယ်များကို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ၀င်ရောက်ဖမ်းဆီးကာ စစ်တပ်တွင်းသို့ ပို့ဆောင်ခံရသူ ၃၀ကျော်ရှိကြောင်း ဒေသခံများက ပြောသည်။
ဧရာ၀တီတိုင်းအတွင်းရှိ လူငယ်များကို စစ်ကောင်စီကအတင်းအဓမ္မစုဆောင်းပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် ထားရှိကာ သင်တန်းအပါတ်စဥ် ၁၁ အဖြစ် မတ် ၁၄ ရက်နေ့က စတင်စေလွှတ်ခဲ့သည်။
#ရေကြည်မြို့နယ် #စစ်မှုထမ်း #တိမ်းရှောင်သူများ #ဝရမ်းပြေးအဖြစ်သတ်မှတ် #Ayeyarwaddy_Times