
ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
ရုရှားတပ်ဖွဲ့တွေက ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှားတပ်ဖွဲ့ ဝင် ၂၅၀၀၀၀ ခန့် ကျဆုံးခဲ့ပြီလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားတပ်ဖွဲ့ဝင် ၉၀၀၀၀၀ ခန့်အထိ သေကျေဒဏ်ရာရရှိခဲ့ဖွယ်ရှိပြီး ၂၀၀၀၀၀ မှ ၂၅၀၀၀၀ အထိ ကျဆုံးခဲ့ပြီလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ လူမှုကွန်ရက်၌ ပြောပါတယ်။
တပ်ဖွဲ့ဝင်တွေ သေဆုံးမှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားနိုင်ငံရဲ့ အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေ သေကျေဒဏ်ရာရရှိမှုတွေက ပြည်သူလူထု သို့မဟုတ် စစ်ပွဲကို ထောက်ခံတဲ့ အထက်တန်းလွှာကို မထိခိုက်စေဖို့ သမ္မတ ဗလာဒီမာပူတင်နဲ့ ရုရှားစစ်ဘက်ခေါင်းဆောင်ပိုင်းက သေ ချာပေါက် ပြင်ဆင်ထားပြီး အဆိုပါဆုံးရှုံးမှုတွေကို အစားထိုးနိုင်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဌာနက ဆက်ပြောပါတယ်။
ပူတင်နဲ့ ခေါင်းဆောင်ပိုင်းဟာ တပ်သားသစ်စုဆောင်းမှု အဓိကပြုလုပ်ခဲ့ရာ ခြွတ်ခြုံကျဒေသများ ရှိ တိုင်းရင်းသားလူနည်းစု ရုရှားနိုင်ငံသားတွေရဲ့အသက်ကို တန်ဖိုးမထားတာ သိသာစေတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပြပါတယ်။
ဆင်းရဲသော တိုင်းရင်းသားလူ နည်းစုများထက် မော်စကိုမြို့တော်လိုမျိုး မြို့ပြဒေသများရှိ ရုရှား နိုင်ငံသားများက စစ်မှုထမ်းစာရင်းမှာ အနည်းငယ်သာ ပါဝင်ခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။
ကိုးကား – NHK
Ref; UK Defence Ministry: Up to 250,000 Russian troops killed in Ukraine conflict
#Ayeyarwaddy_Times