
ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်
လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ ဘိုအင်းကုမ္ပဏီက အမေရိကန်လေတပ်အ တွက် နောက်မျိုးဆက် ဂျက်တိုက်လေယာဉ်တွေ တည်ဆောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်က ကြေညာလိုက်ပါတယ်။
မျိုးဆက်သစ်ဂျက်တိုက်လေယာဉ်တွေကို F-47 လို့ ခေါ်ဆိုမယ်လို့ အမေရိကန်နိုင်ငံရဲ့ ၄၇ ဉီး မြောက် သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သောကြာနေ့က ဝါရှင်တန်မြို့တော်မှာ နိုင်ငံခြားရေးဝန်ကြီး Pete Hegseth နဲ့ အတူ ကြေညာချက်တစ်ရပ် ပြုလုပ်ခဲ့တာပါ။
“F-47 ဟာ တည်ဆောက်ခဲ့ဖူးသမျှ ဂျက်တိုက်လေယာဉ်တွေထဲမှာ ခေတ်အမီဆုံးနဲ့ စွမ်းရည်အ မြင့်ဆုံး ဂျက်တိုက်လေယာဉ် ဖြစ်လာပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
F-47 ဂျက်တိုက်လေယာဉ်ဟာ ကိုယ်ပျောက်နည်းပညာပါရှိပြီး စမ်းသပ်ပျံသန်းမှုကို (၅) နှစ်ကြာ လုပ်ဆောင်ခဲ့တာလို့ ၎င်းက ဆက်ပြောပါတယ်။
F-47 ဂျက်တိုက်လေယာဉ်ဟာ တရုတ်နဲ့ အခြားရန်သူ့နိုင်ငံတွေရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်ကို ထိုးဖောက်ဖို့ထုတ်လုပ်ထားတဲ့ ဒရုန်းတွေအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာမယ်လို့ AP သ တင်းဌာနက ဖော်ပြပါတယ်။
ဘိုအင်းကုမ္ပဏီဟာ လေယာဉ်မတော်တဆမှုတွေနဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေကြောင့် အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။
အမေရိကန်လေတပ်အတွက် ဒေါ်လာ ဘီလီယံ ရာနဲ့ချီတန်ကြေးရှိ F-47 ဂျက်တိုက်လေယာဉ် တည်ဆောက်ခွင့် ကန်ထရိုက်စာချုပ်ဟာ ဘိုအင်းကုမ္ပဏီအတွက် ဆယ်စုနှစ်များစွာအထိ အခက်အခဲ တွေ ပြေလည်စေမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ကိုးကား – NHK
Ref; Boeing to build next-generation fighter jet for US Air Force
#Ayeyarwaddy_Times