
ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီနှင့်အာရက္ခတပ်တော်AAပူးပေါင်းတပ်တို့ မတ် ၁၆ ရက်နေ့မှစတင်ပြီး တိုက်ပွဲများဖြစ်ပွါးခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများ ကို သယ်ဆောင်ရန် ပရဟိတလူနာတင်ယာဥ်များကို ချောဆွဲအသုံးပြုရန်စိီစဥ်နေကြောင်း ဒေသခံများထံက သိရသည်။
“လေးမျက်နှာနဲ့ရေကြည်က ပရဟိတ လူနာတင်ကားတွေကို လိုအပ်တဲ့အချိန် ယူသုံးမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ကြိုပြီးအမိန့်ထုတ်ထားတယ် “ဟုလေးမျက်နှာမြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် မတ် ၁၆ ရက်နေ့ ညပိုင်းကစတင်ပြီး လေးမျက်နှာမြို့နယ် ၊ လဲခုံကြီး၊ လဲခုံလေး၊ စက်စက်ယို၊ ချင်းလယ် ကျေးရွာများအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ် ၁၉ ရက်နေ့အထိကညင်တိုင်နှင့် တုံးတောကျေးရွာများဘက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုများနေပြီး ဖောကားများအသုံးပြုကာ ပြန်လည်သယ်ဆောင်နေရကြောင်းသိရှိရပြီး တိုက်ပွဲများပိုမို ပြင်းထန်လာနိုင်သောကြောင့် ထိခိုက်သေဆုံးသူများ သယ်ဆောင်ရန် အတွက် လူနာတင်ယာဥ်များကို ချောဆွဲရန် အဆင့်သင့်ပြင်ဆင်ခိုင်းထားခြင်း ဖြစ်နိုင်ကြောင်း
ဒေသခံများမှ သုံးသပ်ပြောဆိုသည်။
လေးမျက်နှာမြို့နယ် ၊ပုသိမ်-မုံရွာကားလမ်း ရခိုင်ရိုးမတောအစပ်အတွင်းတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်AAပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွါးခဲ့သဖြင့် ဒေသခံတစ်ထောင်နီးပါး စစ်ဘေးရှောင်နေကြရသည်။
#ရေကြည် #လေးမျက်နှာမြို့နယ် #ပရဟိတလူနာတင်ကား #ချောဆွဲ #စစ်ကောင်စီပြင်ဆင် #Ayeyarwaddy_Times