
ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ VOA နဲ့ RFA သတင်းဌာနတွေကို ဖျက်သိမ်းတဲ့ ဆုံးဖြတ် ချက်ကို ကမ္ဘောဒီးယား အထက်လွှတ်တော်ဉက္ကဌနဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆမ်က ကြိုဆိုလိုက်ပါ တယ်။
VOA နဲ့ RFA တို့ဟာ အမေရိကန်သတင်းတွေကို ထုတ်လွှင့်နေတဲ့ ဗဟိုအစိုးရက ရန်ပုံငွေ ထောက်ပံ့ထားတဲ့ အမေရိကန်သတင်းဌာနတွေဖြစ်ပါတယ်။
“သတင်းတုတွေ တိုက်ဖျက်ရာမှာ ကမ္ဘာကြီးကိုဉီးဆောင်မယ့် သတ္တိရှိမှုအတွက် သမ္မတ ဒေါ်နယ် ထရမ့်ကို ကျွန်တော်တို့ အလွန် အသိအမှတ်ပြုသင့်ပါတယ်” လို့ ဟွန်ဆမ်က သူ့ရဲ့ Facebook မှာ ရေး သားခဲ့ပါတယ်။
VOA နဲ့ RFA တို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို အနည်းဆုံးလျှော့ချဖို့ ညွှန်ကြားထားတဲ့ အမိန့် တစ်ရပ်ကို ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
VOA သတင်းဌာနဟာ အာဏာရှင်လက်အောက် နေထိုင်သူတွေအတွက် ကာလရှည် သတင်း တွေ ထုတ်လွှင့်ခဲ့တယ်လို့ VOA ညွှန်ကြားရေးမှူး မိုက်ကယ်အေဘရာမိုဝှစ်ဇ်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့အစီအမံဟာ ဘေးကင်းသော၊ လွတ်လပ်သော ကမ္ဘာတစ်ခုအဖြစ် မြှင့်တင်မယ့် စွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့ ၎င်းက ဝေဖန်လိုက်ပါတယ်။
ကမ္ဘောဒီးယားအစိုးရက လွတ်လပ်သော သတင်းဌာနတွေနဲ့ အလွတ်တန်း သတင်းထောက်တွေ ကို ဖိနှိပ်လျက်ရှိပါတယ်။
အမေရိကန်အစိုးရရဲ့ VOA နဲ့ RFA တို့ကို ပိတ်သိမ်းမှုဟာ ကမ္ဘောဒီးယားနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထပ်မံ ထိခိုက်စေပါတယ်။
ကိုးကား – NHK
Ref; Cambodia welcomes Trump’s shutdown of Voice of America
#Ayeyarwaddy_Times