
ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
သီတင်းပတ်ချီကြာအောင် နိုင်ငံစုံ နှိမ်နင်းမှုတွေရှိလင့်ကစား ထိုင်း-မြန်မာနယ်စပ်တစ်လျောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ လူ ၁၀၀၀၀၀ နဲ့ လည်ပတ်နေဆဲပဲလို့ ထိုင်းထိပ်တန်းရဲအရာရှိကြီးတစ်ဉီး က ပြောပါတယ်။
မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းတွေကနေ ဆန္ဒအလျောက် သွားရောက်ခဲ့သူ လူ ၅၀၀၀ ခန့်ကို ကယ်တင်ခဲ့တယ်လို့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ် ရဲဗိုလ်ချုပ်ကြီး သက်ချိုင်းပီတာနီး လာဘွတ်က ပြောပါတယ်။
“လူအများအပြားဟာ အလုပ်ရှာနိုင်ရေး မြဝတီမြို့ကို ခိုးဝင်ဖို့ ထိုင်းနိုင်ငံကို ဖြတ်လမ်းတစ်ခုအ ဖြစ် အသုံးချပါတယ်။ ဒါတွေဟာ ကျားဖြန့်ဂိုဏ်းတွေဖြစ်ယုံသာမက အွန်လိုင်းလောင်းကစားတွေ၊ အ ခြား အလုပ်အကိုင်တွေလဲဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
မြဝတီမြို့ကို ဆန္ဒအလျောက် သွားရောက်ခဲ့သူတွေဟာ ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိနေတယ် လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့နဲ့ ဒေသတွင်း ကျားဖြန့်ရေးရာ ကျွမ်းကျင်သူ ဂျေဆင်တာဝါက ပြောပါတယ်။
ကျားဖြန့်နှိမ်နင်းရေးဟာ မဲဆောက်မြို့နဲ့ သောင်ရင်းမြစ်သာခြားတဲ့ မြဝတီမြို့ရှိ ကျားဖြန့်လုပ် ငန်းတွေကို အနည်းငယ်သာ သက်ရောက်စေခဲ့တယ်လို့ ရဲဗိုလ်ချုပ်ကြီး သက်ချိုင်းက ဆိုပါတယ်။
“မြဝတီမြို့က ကျားဖြန့်လုပ်ငန်းတွေမှာ လူ ၅၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ ကျန်ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျားဖြန့်လုပ်ငန်းတွေ ဆက်ပြီး လည်ပတ်နေတာကို ကျွန်တော်တို့ မြင်တွေ့နေရ ပါတယ်” လို့ သူက ဆိုပါတယ်။
ရာဇဝတ်ကောင် ၃၇၀၀ ဟာ မြဝတီမြို့က ကျားဖြန့်လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေ တယ်လို့ ထိုင်းရဲထောက်လှမ်းရေးနဲ့ တရုတ်အာဏာပိုင်တွေရဲ့ အချက်အလက်တွေက ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းတွေမှာပါဝင်တဲ့ ရာဇဝတ်ကောင်တွေကို နှင်ထုတ်၊ စုံစမ်းစစ်ဆေးပြီး တရားစွဲ ဆိုင်နိုင်ရေး သတင်းအချက်အလက်တွေ မျှဝေမယ့် နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်ရေးစင်တာတစ်ခု ထူ ထောင်ရေး တွန်းအားပေးနေတယ်လို့ ရဲဗိုလ်ချုပ်ကြီး သက်ချိုင်းက ဆက်ပြောပါတယ်။
“မြန်မာအာဏာပိုင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကျားဖြန့်နှိမ်နင်းရေး ပိုမို လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ကျားဖြန့်လူကုန်ကူးခံရသူတွေကို ဖြစ်နိုင်သမျှ ထွက်ခွာခွင့်ပြုရမှာပါ” လို့ သူက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; ‘Up to 100,000’ still working in Myanmar scam hubs
#Ayeyarwaddy_Times