ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ အင်္ဂါနေ့က ဖုန်းဖြင့် ယူကရိန်းအရေး ဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး အောင်မြင်စေရေး စွမ်းအင်ဆိုင်ရာ အခြေခံအ ဆောက်အအုံတွေကို တိုက်ခိုက်တာ ရပ်ဆိုင်းဖို့ သဘောတူခဲ့ပါတယ်။

အိမ်ဖြူတော်က အင်္ဂါနေ့မှာ ဆွေးနွေးမှုအသေးစိတ်ကို ဖော်ပြထားတဲ့ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဝါရှင်တန်နဲ့မော်စကိုဟာ ပင်လယ်နက်ဒေသ ရေကြောင်း အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝ အပစ်အခတ်ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအဖြစ် ဖော်ဆောင်မယ့် စေ့စပ်ညှိနှိုင်းမှုတွေ ချက်ချင်း စတင် မယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံ အဆိုပြုတဲ့ ရက် (၃၀) ကြာ အပစ်အခတ်ရပ်စဲရေးကို ပူတင်က လက်မခံခဲ့ပဲ ပြ ဿနာတွေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံမယ်လို့ ယူကရိန်း နိုင်ငံက အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

ရုရှားနဲ့ယူကရိန်းက စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ရက် (၃၀) ကြာအထိ တိုက်ခိုက်မှု တွေ ရပ်တန့်ဖို့ ဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက်ကို ပူတင်က အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့တယ်လို့ ရု ရှားသမ္မတရုံးက ပြောပါတယ်။

ရုရှား-ယူကရိန်းပဋိပက္ခကို ဖြေရှင်းမယ့် ကြိုးပမ်းမှုအဖြစ် ရုရှားနဲ့ အမေရိကန်ကျွမ်းကျင်သူအ ဖွဲ့တွေ ဖွဲ့စည်းဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့တယ်လို့ ရုရှားသမ္မတရုံးက ဆိုပါတယ်။

ပဋိပက္ခ အရှိန်မမြှင့်လာအောင် ဟန့်တားပေးမယ့် အရေးပါသောအခြေအနေမှာ ယူကရိန်းသို့ ပြည်ပစစ်ရေးအကူအညီနဲ့ ထောက်လှမ်းရေးသတင်းတွေပေးတာ လုံးဝ ရပ်ဆိုင်းဖို့ဖြစ်တယ်လို့ ရုရှား သမ္မတရုံးက ဆက်ပြောပါတယ်။

ယူကရိန်းပဋိပက္ခ ဖြစ်ပွားရတဲ့အကြောင်းရင်း ဖြေရှင်းဖို့လိုအပ်ချက်နဲ့ ရုရှားနိုင်ငံရဲ့ တရားဝင် လုံ ခြုံရေး အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ရုရှားသမ္မတရုံးက ထောက်ပြပါတယ်။

ရက် (၃၀) ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ပယ်ချရတဲ့ အကြောင်းရင်းတစ်ခုမှာ ယူကရိန်းကို စစ်တပ် ပြန်တည်ဆောက်ခွင့်ပြုနိုင်တာကြောင့်လို့ ရုရှားသမ္မတရုံးက ဆိုပါတယ်။

ကိုးကား – NHK
Ref; US, Russia agree on limited ceasefire, but differ on details

#Ayeyarwaddy_Times