ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မရဲစခန်းအတွင်းသို့ မတ် ၁၇ ရက်နေ့ နံနက် ခြောက်နာရီခန့်တွင် အမျိုးသားတစ်ဦးက ကတ်ကြေးကိုင်ပြီး လိုက်လံထိုးသဖြင့် စခန်းမှုး အပါအ၀င် ရဲ လေး ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ရဲစခန်းအတွင်းသို့ ကတ်ကြေး နှစ်လက်ကိုင်ဆောင်ကာ တွေ့မြင်သမျှ ရဲတပ်ဖွဲ့၀င်များကို လိုက်လံထိုးခဲ့ပြီး ကင်းတာ၀န်ကျ ရဲတပ်သားမှ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

” ရဲတွေ ဒဏ်ရာရတာက သာမာန် ပြတ်ရှလောက်ပါပဲ။ ဖြစ်စဥ်မှာ ကတ်ကြေးနဲ့ လိုက်ထိုးတဲ့ သူကိုသေနတ်ဒဏ်ရာနဲ့ ဖမ်းမိပါတယ်။ သူကငပုတောမြို့နယ်ကလို့ပဲသိရသေးတယ်”ဟု
ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပုသိမ်မြို့မစခန်းမှူး ဒုရဲမှူးကျော်ဇေလတ် အပါအ၀င်ရဲ သုံးဦးမစိုးရိမ်ရ ဒဏ်ရာများရရှိပြီး ကတ်ကြေးဖြင့်ထိုးသူအမျိုးသားမှာ သေနတ်နှင့်အပစ်ခံရသည့်အတွက် ပေါင်ခြံတွင် ကျည်ထိဒဏ်ရာအပြင် ရဲများ၏ ဝိုင်း၀န်းရိုက်နှက်မှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရပြီး ပုသိမ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

#ပုသိမ်မြို့မရဲစခန်းကတ်ကြေးကိုင်ပြီးတိုက်ခိုက် #စခန်းမှူး #ရဲများဒဏ်ရာရ #ဒုရဲမှူးကျော်ဇေလတ် #Ayeyarwaddy_Times