ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

ယူကရိန်းကို နေတိုးအဖွဲ့ဝင်မဖြစ်ရေးနဲ့ မည်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်တွင်မဆို ကြားနေအဖြစ်ဆက်ရှိနေမယ်ဆိုတဲ့ အာမခံချက်ရရှိဖို့ ရုရှားက ကြိုးပမ်းမယ်လို့ ရုရှား ဒုတိယ နိုင်ငံခြား ရေးဝန်ကြီး အလက်ဇန္ဒားဂရပ်ရှ်ကိုက ပြောပါတယ်။

“လုံခြုံရေးအာမခံချက်တွေက ဒီသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့ ကျွန်တော်တို့ တောင်းဆိုမှာဖြစ်ပါတယ်” လို့ ၎င်းက ရုရှားမီဒီယာ Izvestia ကို ပြောပါတယ်။

၃ နှစ်ကြာ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ဆက်လက်ပြု လုပ်နေစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ယနေ့ ဆွေးနွေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောပါတယ်။

“စစ်ပွဲကို အဆုံးသတ်နိုင်မလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ချင်ပါတယ်။ ပိုင်နက်နယ်မြေ သို့မဟုတ် ဓာတ်အားပေးစက်ရုံတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးပါမယ်” လို့ ၎င်းက တနင်္ဂနွေ နေ့မှာ Air Force One လေယာဉ်ပေါ်မှာ ပြောပါတယ်။

ရုရှားနိုင်ငံနဲ့ ရက် (၃၀) ကြာ အပစ်အခတ်ရပ်စဲဖို့ အမေရိကန်နဲ့ယူကရိန်းက သဘောတူခဲ့ပါ တယ်။ အပစ်အခတ်ရပ်စဲရေးကို သဘောတူပေမယ့် ငြိမ်းချမ်းရေးရရှိဖို့ ကြိုတင်သတ်မှတ်ချက်တွေရှိမယ် လို့ ပူတင်က ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံက ကတ်စ်ဒေသ ထိန်းချုပ်ရေးကို အပြည့်အဝ ထောက်ခံပြီး အဆိုပါဒေသရှိ ယူကရိန်း တပ်ဖွဲ့တွေကို အထီးကျန်အောင်လုပ်ထားတယ်လို့ သူက ဆိုပါတယ်။

ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ သံတမန်ရေး ကြိုးပမ်းမှုတွေကို ပူတင်က တမင်ဖျက်ဆီးနေတယ် လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲလိုက်ပါတယ်။

ရုရှားထိန်းချုပ်ထားတဲ့ ပိုင်နက်နယ်မြေတွေကို သဘောတူညီချက်မှာ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ မေးခွန်းတစ်ခုကို ဖြေကြားဖို့ ကြာသပတေးနေ့က မော်စကိုမြို့မှာ ပူတင်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ကိုယ်စားလှယ် စတိဗ်ဝစ်အော့ဖ်က မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ လက်ရှိမှာ ယူကရိန်းပိုင်နက်နယ်မြေ ငါးပုံတစ်ပုံကို ထိန်းချုပ်ထားပါတယ်။

ကိုးကား – BBC
Ref; Peace deal must bar Ukraine from Nato, Russian official says

#Ayeyarwaddy_Times