
ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်
ယီမင်နိုင်ငံမှာ ဟူသီအဖွဲ့ ဆင်နွှဲနေတဲ့ တိုက်ခိုက်မှုတွေအတွက် အီရန်နိုင်ငံမှာ တာဝန်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ပင်လယ်နီဒေသမှာ တင်းမာမှုတွေ မြင့်တက်နေစဉ် ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ လူမှုကွန် ရက်မှတစ်ဆင့် သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။
ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို အီရန်နိုင်ငံက ဖန်တီးနေတာလို့ လူမှုကွန်ရက်မှာ ၎င်းက ပြော ပြီး အီရန်နိုင်ငံက ကြောက်မတ်ဖွယ်ရာ အကျိုးဆက်တွေ ခံစားရမယ်လို့ ဆိုပါတယ်။
အမေရိကန်စစ်တပ်ရဲ့ ကနဉီး တိုက်ခိုက်မှုတွေဟာ လေ့ကျင့်ရေးစခန်းတွေ၊ လက်နက်သိုလှောင် ရုံတွေ အပါအဝင် ယီမင်နိုင်ငံရှိ ပစ်မှတ် ၃၀ ကျော်ကို ထိမှန်ခဲ့တယ်လို့ ပင်တဂွန်က ပြောပါတယ်။
အမေရိကန်နိုင်ငံက ရည်မှန်းချက်တွေ အောင်မြင်သည်အထိ တိုက်ခိုက်ရေးတပ်ဖွဲ့တွေ အသုံးပြု မယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ်က ပြောပါတယ်။ အမေရိကန်အကျိုးစီးပွားသည်သာ ပထမလို့ သူက ဆိုပါတယ်။
အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ (၅၃) ဉီး သေဆုံးခဲ့တယ်လို့ ဟူသီအဖွဲ့နဲ့ ပတ် သက်မှုရှိတဲ့ မီဒီယာတစ်ခုက ဖော်ပြပါတယ်။
အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေဟာ ရာဇဝတ်မှုဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ဌာနက တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး အဆိုပါလုပ်ရပ်တွေကို အရေးယူဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပါတယ်။
ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေမှာ အီရန်နိုင်ငံ မပါဝင်ဘဲ ယီမင်ပြည်သူတွေဟာ လိုအပ်တဲ့ ဆုံး ချက်ဖြတ်တွေ ချမှတ်နေတာလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ်ဘာ ကွတ်က ပြောပါတယ်။
အီရန်နိုင်ငံက သင့်တော်သလို လက်တုံ့ပြန်သွားမယ်လို့ ပြီးခဲ့တဲ့အပတ်က ဒေါ်နယ်ထရမ့်ထံမှ အီ ရန်နိုင်ငံက လက်ခံရရှိခဲ့တဲ့ စာတစ်စောင်နဲ့ပတ်သက်လို့ ၎င်းက မှတ်ချက်ပြုပါတယ်။
နျူကလီးယား အစီအစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အီရန်နိုင်ငံထံ စာတစ်စောင် ပေးပို့ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အီရန်နိုင်ငံ ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့အပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ ဆွေး နွေးမှုတွေကို လက်ခံဖို့ အီရန်အပေါ် ဖိအားပေးတဲ့ နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။ အီရန်နိုင် ငံက ယင်းသို့သော ဖိအားပေးမှုတွေကို ပယ်ချပါတယ်။
ကိုးကား – NHK
Ref; Trump warns Iran of ‘dire consequences’ over Houthi attacks
#Ayeyarwaddy_Times