ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

ဖိလစ်ပိုင်သမ္မတဟောင်း ရော့ဒရီဂိုဒူတာတေးအား ဖမ်းဆီးကာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံ ရုံး (ICC) သို့ လွှဲပြောင်းပေးပြီးနောက် သူ့ကိုထောက်ခံသူတွေဟာ တိုင်းပြည်တစ်ဝှမ်း ဆန္ဒပြပွဲတွေ ပြု လုပ်ခဲ့ပါတယ်။

လူများစွာ သေဆုံးခဲ့တဲ့ တရားမဝင် မူးယစ်ဆေးဝါးနှိမ်နင်းမှုအတွင်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ သတ်ဖြတ်မှုတွေအတွက် ဒူတာတေးမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခဲ့ပါ တယ်။

ဒူတာတေးရဲ့ ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တော်ရှိ ICC တရားရုံးမှာ သောကြာ နေ့က စတင်ခဲ့ပါတယ်။ စနေနေ့မှာ ဒူတာတေးရဲ့ပါတီနဲ့ အခြားသူတွေက မနီလာမြို့မှာပြုလုပ်တဲ့ ဆန္ဒ ပြပွဲတစ်ခုမှာ လူ ၁၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒူတာတေးကို ဖိလစ်ပိုင်နိုင်ငံသို့ ပြန်ခေါ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပြီး သူ့ကို ဖမ်းဆီးပြီး ICC သို့ လွှဲပြောင်းပေးတာ မတရားဘူးလို့ ပြောဆိုကြပါတယ်။

ဒူတာတေးက မူးယစ်ဆေးဝါးနှိမ်နင်းမှု လုပ်ဆောင်ခဲ့မှုကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လုံခြုံရေးအခြေ အနေ တိုးတက်လာခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ICC ရဲ့လုပ်ရပ်ဟာ နိုင်ငံရေးဖိနှိပ်မှု၊ အာဏာအလွဲသုံးစားမှု၊ ဉပဒေကင်းမဲ့မှုနဲ့ တရားရေးလုပ် ငန်းစဉ် မရှိမှုဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ အမျိုးသမီးတစ်ဉီးက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်း နေရာ (၁၈) ခုမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာလို့ ဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါတယ်။ မနီလာမြို့က ဆန္ဒပြပွဲအနီးမှာ ရဲအထူးတပ်ဖွဲ့တွေ မြင်တွေ့ရခြင်းကြောင့် ဖိလစ်ပိုင်အစိုးရ က တပ်လှုန့်ထားတာ သိသာစေပါတယ်။

ကိုးကား – NHK
Ref; Duterte supporters protest arrest across Philippines

#Ayeyarwaddy_Times