‌ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

ယခုနှစ်နွေရာသီသည် မတ်လဆန်းမှစတင်၍ နေ့အပူချိန်မြင့်တက်လာကာ ယမ‌န်နေ့ မတ် ၁၆ ရက်က ချောက်နှင့် မကွေးမြို့တွင် နေ့အပူချိန်သည် ၄၃ မှ ၄၂ ဒီဂရီဆဲလ်စီယပ်ရှိပြီး ခရမ်းလွန်ရောင်ခြည် လိ‌မ္မော်ရောင် အဆင့်မြင့်တက်‌နေကြောင်း သိရသည်။

မတ်လ ၁၆ ရက်နေ့၌ အမြင့်ဆုံးနေ့အပူချိန်အဖြစ် ချောက်မြို့တွင် ၄၃ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ် နှင့် မကွေးမြို့တွင် ၄၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်ရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် နေ့ပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ်ရှိနေပြီး ယခုနှစ်နွေရာသီအပူချိန်သည် ယခင်နှစ်များ ထက်စာလျှင် အပူချိန်မမြင့်မားခြင်းမရှိသေးသော်လည်း ခရမ်းလွန်ရောင်ခြည်ပါဝင်မှု မြင့်တက် နေသဖြင့် အပူရှိန်မြင့်မားမှုဒဏ်ခံရကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးစီးဌာနထံက သိရသည်။

ယခုမတ်လ ဒုတိယပတ်တွင် ခရမ်းလွန်ရောင်ခြည်ပါဝင်မှု အညွှန်းကိန်းမှာ ၆ မှ ၇ ဖြစ်၍ လိမ္မော်ရောင်အဆင့် ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်းမြင့်မားလာသည့် အခြေအနေဖြစ်ကြောင်း ယင်းဌာနက ဆိုထားသည်။

အဆိုပါ ခရမ်းလွန်ရောင်ခြည် (Ultraviolet-UV) သည် လူသားတို့ မျက်စိဖြင့်မမြင်နိုင်သော နေရောင်ခြည်မှ ဖြာထွက်လာသည့် လျှပ်စစ်ရောင်စဉ်လှိုင်းဖြစ်ပြီး နေ့လယ်ခင်းတွင် အပူချိန်ပိုမိုမြင့်မား နေသည်ဟုခံစားရပြီး ကျန်းမာရေးအတွက် အထူးသတိပြုရန် လိုကြောင်း သိရသည်။

ခရမ်းလွန်ရောင်ခြည် မြင့်မားစွာကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်နှင့် ခရမ်းလွန်ရောင် ခြည်သည် အရေပြားနှင့် မျက်စိကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ဓာတ်ပုံ- ဧရာဝတီတိုင်းမ်

#နွေရာသီကာလ #နေ့အပူချိန်မြင့် #ချောက် #မ‌ကွေးအပူချိန်မြင့်တက် #ခရမ်းလွန်ရောင်ခြည်မြင့်တက် #အပြင်ထွက်ခြင်း #ဂရုစိုက်ရန် #Ayeyarwaddy_Times