
ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
ရန်ပုံငွေပြတ်လပ်မှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့တဲ့ မြန်မာနိုင်ငံမှ ပြည်သူတစ်သန်းကျော်အတွက် အကူအညီပေးမှုကို ဧပြီလမှစတင်ကာ ဖြတ်တောက်မယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက မတ်လ ၁၄ ရက်မှာ ပြောပါတယ်။
“ပဋိပက္ခ အရှိန်မြှင့်လာပြီး အိုးအိမ်စွန့်ခွာရမှုနဲ့ အကူအညီပေးမှုကန့်သတ်ချက်တွေကြောင့် စား နပ်ရိက္ခာအကူအညီ လိုအပ်ချက် မြင့်မားနေချိန်မှာ အခုလို အကူအညီဖြတ်တောက်တာပါ” လို့ WFP က ပြောပါတယ်။
မြန်မာပြည်သူ သန်း ၂၀ နီးပါးဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး တိုင်းပြည်လူဉီး ရေရဲ့ သုံးပုံတစ်ပုံခန့်ဖြစ်တဲ့ ခန့်မှန်းချေ ပြည်သူ ၁၅ ဒသမ ၂ သန်းဟာ ဆိုးရွားသော စားနပ်ရိက္ခာမဖူလုံ မှု ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ သိရပါ တယ်။
တစ်ကမ္ဘာလုံးမှာ ပြည်ပအကူအညီပေးမှု ဖြတ်တောက်တဲ့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက် ကြောင့် ရန်ပုံငွေပြတ်လပ်တာ ဟုတ် မဟုတ်ဆိုတာကို WFP က အသေးစိတ်မရှင်းပြပါဘူး။
အကူအညီဖြတ်တောက်မှုဟာ စစ်ဘေးရှောင် ၁၀၀၀၀၀ ဝန်းကျင်အပါအဝင် အသက်ရှင်သန်ဖို့ WFP အကူအညီကို မှီခိုနေရတဲ့ မြန်မာနိုင်ငံမှ အသိုင်းအဝိုင်းတွေကို သက်ရောက်စေမယ်လို့ WFP က ပြောပါတယ်။
“စားနပ်ရိက္ခာပြတ်လပ်မှု အဆိုးရွားဆုံးဖြစ်တဲ့ ဇူလိုင်လမှ စက်တင်ဘာလအထိ ကာလနဲ့ပတ် သက်လို့ WFP က အလွန်အမင်း စိုးရိမ်နေပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
မြန်မာစစ်ကောင်စီဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ မကောက်ခံဖို့နဲ့ အကူအညီပေးရေးလုပ်သားတွေ အဆိုပါအကြောင်းကို မဖော်ပြဖို့ ဖိအားပေးပြီး ဆိုးရွားတဲ့ စားနပ်ရိက္ခာ အကျပ်အတည်းအကြောင်း သတင်းအချက်အလက်တွေမဖော်ပြဖို့ နှိပ်ကွပ်ထားပါတယ်။
ကိုးကား – Reuters
Ref; UN food agency WFP to cut aid for over 1 million people in Myanmar
#Ayeyarwaddy_Times