
ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
မတ်လ ၁၅ ရက်က ထိုင်းနိုင်ငံရဲ့မြို့တော် ဗန်ကောက်မြို့မှာ တည်ဆောက်ဆဲ တံတားတစ်စင်း ပြိုကျခဲ့ရာ လူ (၅) ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗန်ကောက်မြို့တော်အနောက်တောင်ပိုင်းမှာ စနေနေ့အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ တံတားပြိုကျမှု မှာ လူ (၂၄) ဉီးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာဂျန်ဂရန်ဂရန်ကစ်က ပြောပါတယ်။
တံတားပြိုကျမှုမှာ သေဆုံး၊ ဒဏ်ရာရရှိသူတွေအတွက် စိတ်မကောင်းဖြစ်ရပြီး ကန်ထရိုက်တာ တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လျော်ကြေးပေးမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အလုပ်သမားလေးဉီးနဲ့ အင်ဂျင်နီယာတစ်ဉီး သေဆုံးခဲ့ပြီး တံတားပြိုကျချိန်မှာ လမ်းတွေကို ပိတ်ထားတာကြောင့် လမ်းသွားလမ်းလာတွေ သက်ရောက်မှုမရှိခဲ့ဖူးလို့ သူက ဆိုပါတယ်။
အာဏာပိုင်တွေက တံတားပြိုကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး သက်ဆိုင်သူတွေ ကို အရေးယူမယ်လို့ ဗန်ကောက်ရဲတပ်ဖွဲ့ အကြီးအကဲ ဆိုင်ယမ်ဘွန်ဆွမ်က ပြောပါတယ်။
၅ ကီလိုမီတာရှိတဲ့ တံတားတည်ဆောက်မှုကို ၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တယ်လို့ ထိုင်းအဝေးပြေး လမ်းမကြီး အာဏာပိုင်အဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြချက်အရ သိရပါတယ်။
အပျက်အစီးတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေပြီး အချိန် တစ်ပတ်ခန့်ကြာမြင့်မယ်လို့ ထိုင်းအ ဝေးပြေးလမ်းမကြီး အာဏာပိုင်အဖွဲ့က ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ မတော်တဆဖြစ်စဉ်တွေအတွက် တာဝန်ရှိသူတွေအတွက် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းသစ်တွေ ထုတ်ပြန်ဖို့နဲ့ အနာဂတ် အစိုးရစီမံကိန်း တွေမှာ ၎င်းတို့ကို အမည်ပျက်စာရင်းသွင်းဖို့ လုပ်ဆောင်နေတယ်လို့ ဆူရီယာက ပြောပါတယ်။
ကိုးကား – AP
Ref; Expressway bridge under construction in Bangkok collapses, killing at least 5 people
#Ayeyarwaddy_Times