ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်

မြန်မာပဋိပက္ခက လူသားချင်းစာနာမှု အကျပ်အတည်းဖြစ်စေပြီး ရိုဟင်ဂျာတွေကို အိုးအိမ်စွန့် ခွာစေလို့ ဒီမိုကရေစီ လမ်းဖွင့်ဖို့နဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အ ပတ်ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအတွက် ကျွန်တော့်ရဲ့သတင်းစကားက ရှင်းပါတယ်။ အ တတ်နိုင်ဆုံး စိတ်ရှည်သည်းခံပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေနဲ့အညီ အရပ်သားတွေ ကို ကာကွယ်ရေး ဉီးစားပေးကာ လူမျိုးစုကြား တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်အောင် ဟန့် တားဖို့ဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။

ဂူတာရက်စ်ဟာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်နဲ့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်တဲ့ ရိုဟင်ဂျာ ၁၀၀၀၀၀ ခန့်အတွက် ဝါဖြေစာကို မျှဝေခဲ့ပါတယ်။

ရိုဟင်ဂျာတွေနဲ့ သွေးစည်းညီညွတ်မှုရှိကြောင်း ပြသဖို့ ဂူတာရက်စ်ဟာ ကြာသပတေးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၄ ရက်ကြာ ခရီးစဉ်တစ်ခုအဖြစ် ရောက်ရှိလာခဲ့ပါတယ်။

“ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသို့ နေရပ်ပြန်လိုပေမယ့် မြန်မာနိုင်ငံရဲ့အခြေအနေက ဆိုးရွားနေ ဆဲဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ရန်ပုံငွေပြတ်လပ်မှုကြောင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်းတစ်ရပ် ဖြစ် တော့မယ်လို့ သူက သတိပေးပါတယ်။

ရိုဟင်ဂျာတွေကို အကူအညီပေးမှု ဖြတ်တောက်တာကိုရှောင်ကြဉ်ဖို့ အရာအားလုံး လုပ်ဆောင်ဖို့ ဂူတာရက်စ်က ကတိပြုခဲ့ပါတယ်။

“ဒုက္ခသည်တွေ သေဆုံးမှုရှောင်ရှားနိုင်ရေး ရန်ပုံငွေတွေ ပံ့ပိုးကူညီကြဖို့ ကမ္ဘာ့နိုင်ငံတွေကို ကျွန် တော်တို့ အကူအညီတောင်းခံပါမယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Anadolu
Ref; Guterres asks Myanmar to pave way for democracy as humanitarian crisis deepens

#Ayeyarwaddy_Times