
ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်
လက်ရှိကျရောက်နေသော နွေရာသီကာလ မတ်လမှ မေလအတွင်း နေ့အပူချိန်တဖြည်းဖြည်း မြင့်လာမှု ကြောင့် မိုးတိမ်တောင်များဖြစ်ပေါ်ရာနေရာဒေသများတွင် မိုးသီးကြွေကျနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယမန်နေ့ မတ် ၁၄ ရက်တွင် ထုတ်ပြန်သည်။
နေ့အပူချိန်မြင့်တက်လာရာမှ အပူပြန်တက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင် များဖြစ်ပေါ်ပြီး ရွေ့လျားရာတစ်လျှောက်တွင် မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်း ရွာခြင်း တို့ဖြစ်ပေါ်နိုင်သည့်အပြင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ပါ ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။
ထို့ကြောင့် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဂရုစိုက်နေထိုင်သွားရန်လိုအပ်ပြီး ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလက အသိပေးထားသည်။
ဓာတ်ပုံ – လူမှူကွန်ရက်
#နေ့အပူချိန်မြင့်တက် #မိုးသီးကြွေနိုင် #မိုးတိမ်တောင်အန္တရာယ် #Ayeyarwaddy_Times