
ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်
ထိုင်းတွင် ရနောင်း မှ ဘန်ကောက်သို့လာသည့် ခရီးသည် ၃၆ ဦးတင်ဆောင်လာသည့် ခရီးသွား ဘတ်စ်ကားမှာ ယနေ့ မတ် ၁၄ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ပြီး ဓာတ်တိုင်ကို ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ထိုင်းတောင်ပိုင်း Khao Yoi ခရိုင်အတွင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ခရီးသွား ၃၆ ဦးစလုံး ဒဏ်ရာရရှိခဲ့ပြီး သုံး ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့်အတွက် နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ခဲ့ရကြောင်းသိရသည်။
အဆိုပါဘတ်စ်ကားတွင် လိုက်ပါလာသည့်ခရီးသည် ၃၆ ဦးမှာ အမေရိကန်နိုင်ငံသား ကိုး ဦး၊ မြန်မာနိုင်ငံသား ၁၂ ဦး၊ ထိုင်းနိုင်ငံသား ၁၅ ဦးတို့ဖြစ်ကြောင်းသိရသည်။
ဘတ်စ်ကားမောင်းသမားမှာ ကားမောင်နေစဉ် စက္ကန့်အနည်းငယ်ကြာ အိပ်ပျော်လုနီးပါး ဖြစ်သွားပြီးနောက် ဓာတ်မီးတိုင်ကို ဝင်တိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ဝန်ခံခဲ့သည်။
ဓာတ်မီးတိုင်ကို ဝင်တိုက်ပြီးနောက် မီးတိုင်မှာ နှစ်ပိုင်းကျိုးသွားပြီး ဒဏ်ရာအနည်းကျဉ်းသာရသည့် ခရီးသည်များ ဘန်ကောက်သို့ သွားရန်ကားအသစ် စောင့်ဆိုင်းနေစဉ် နံနက်စာများကျွေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။
ကိုးကား – The Nation
Refs; 36 tourists injured, three critically, as tour bus rams utility pole
#Ayeyarwaddy_Times