ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

ဧရာ၀တီတိုင်း ၊ သာပေါင်းမြို့နယ်တွင် နေရပ်ပြန်ရန်ကြိုးစားသော ရခိုင်စစ်ဘေးရှောင်အချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ကြောင်းဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်အစပ်ကျေးရွာများမှ သာပေါင်းမြို့နယ်ကျေးရွာများသို့ စစ်ဘေးရှောင်လာသူ များသည် တောလမ်းအသုံပြု၍ အပြန်တွင် စစ်ကောင်စီတပ်များမှ မှတ်ပုံတင်စစ်ဆေးပြီး ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

” မရမ်းချို ကျေးရွာအုပ်စုမှာ စစ်သားအင်အား တစ်ရာကျော်လောက်က သွားလာသမျှအကုန်စစ်တာ။ ၁၁မျဥ်းစောင်းမှတ်ပုံတင်တွေဆိုရင် မေးစရာရှိတယ်ဆိုပြီး ခေါ်သွားခံရတာ ဆယ်ဦးထက်မနည်းရှိတယ် “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

သာပေါင်းမှ တစ်ဆင့် အခြားကျေးရွာများသို့ သွားလာနေသော စက်လှေများကိုလည်း ရခိုင် ဘက်မှလာသူရှိမရှိကို တင်းကြပ်စွာစစ်ဆေးခဲ့ကြောင်း သိရသည်။

မကျီးဇင်- သာပေါင်းကားလမ်းအနီးတွင် စစ်ကောင်စီနှင့် AAပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကျေးရွာများအတွင်းသို့ တော်လှန်ရေးတပ်များနှင့် ရိက္ခာပို့ပေးသူများရှိနေကြောင်း စစ်တပ်ထောက်ခံသူများဘက်မှ ပြောဆိုလှုံဆော်မှုများရှိလာပြီးနောက် ယခုကဲ့သို့ စစ်ဆေးမှုများ ပိုမိုပြုလုပ်လာခြင်း ဖြစ်သည်။

#သာပေါင်း #နေရပ်ပြန်ရန်ကြိုးစား #ရခိုင်စစ်ဘေးရှောင်များ #ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်
#Ayeyarwaddy_Times