ဧရာဝတီတိုင်းမ်
မတ် ၇ ရက်

တောင်ကိုရီးယား ဂျက်တိုက်လေယာဉ်တွေဟာ ကြာသပတေးနေ့က စစ်ရေးလေ့ကျင့်မှုအတွင်း လေ့ကျင့်ရေးကွင်းအပြင်ဘက်ကို မှားယွင်းပြီး ဗုံးရှစ်လုံး ကြဲချမိရာ လူ (၇) ဦး ဒဏ်ရာရရှိပြီး အဆောက် အအုံတွေ ပျက်စီးခဲ့ပါတယ်။

KF-16 ဂျက်တိုက်လေယာဉ်တွေဟာ မနက် ၁၀ ဝန်းကျင်မှာ ဂျောင်ဂီပြည်နယ်မြောက်ပိုင်း ပို ချွန်းမှာ မှားယွင်းစာ ဗုံးကြဲချမိခဲ့တာလို့ တောင်ကိုရီးယားလေတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါဖြစ်စဉ်မှာ လူခုနှစ်ဉီး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဉီးက ဒဏ်ရာပြင်းထန်တယ်လို့ မီးသတ်သမား တွေက ပြောပါတယ်။ အနီးအနားရှိ နေအိမ်တွေ၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ ကုန်တင်ယာဉ်တစ်စင်းလဲ ထိခိုက်ပျက်စီးခဲ့ပါတယ်။

အဆောက်အအုံတစ်လုံးမှာ ပြတင်းပေါက်တွေ ကြေမွခဲ့ပြီး တံတိုင်းတစ်ခု ပျက်စီးခဲ့တာကို တောင်ကိုရီးယား နိုင်ငံပိုင်ရုပ်သံဌာန KBS က ထုတ်လွှင့်တဲ့ ဓာတ်ပုံတွေက ဖော်ပြပါတယ်။

မတော်တဆမှားယွင်းပြီး ကြဲချမိတဲ့ဗုံးတွေက အဆောက်အအုံတွေနဲ့ တံတားတွေကို ဖျက်ဆီးရာ မှာ အသုံးပြုတဲ့ MK-82 ဗုံးတွေလို့ KBS သတင်းဌာနက ဆိုပါတယ်။

အဆိုပါဂျက်တိုက်လေယာဉ်တွေဟာ တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့နဲ့ တောင်ကိုရီး ယားစစ်တပ်ကြား ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေတာဖြစ်ပြီး တောင်ကိုရီးယားစစ်တပ်က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတာကို တောင်ကိုရီးယားလေတပ်ဖွဲ့က တောင်းပန်ခဲ့ပြီး ဒဏ် ရာရရှိသူတွေ အမြန်ဆုံး ပြန်လည်သက်သာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; 7 injured after S.Korea fighter jets mistakenly drop bombs outside training area

#Ayeyarwaddy_Times