
ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
မြန်ဆန်သော အပစ်အခတ်ရပ်စဲရေး အောင်မြင်စေရေး အပေးအယူလုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းနိုင်ငံကို ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံမှာ တိုက်ပွဲတွေ စောလျင်စွာ အဆုံးသတ်မှု ဖြစ်လာစေရေး အမေရိကန်နိုင်ငံရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်နဲ့ ရုရှားတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့လအတွင်း ဆော်ဒီ အာရေဗျနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။
ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နိုင်ရေး အဆင့်မြင့်အဖွဲ့တွေ ဖွဲ့စည်းဖို့ အမေရိကန်နဲ့ ရုရှား တာဝန်ရှိသူတွေက သဘောတူခဲ့ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာ ယူကရိန်း တာဝန်ရှိသူတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ အစီအစဉ် တွေ ပြုလုပ်နေတယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် က ပြောပါတယ်။
နောက်အပတ်အတွင်း ဆွေးနွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြ ခဲ့ပါတယ်။
“ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ယူကရိန်း၊ ရုရှားနဲ့ ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
“ယူကရိန်းနိုင်ငံက သဘောတူညီချက်တစ်ရပ် ရချင်နေတာပါ။ ဘာလို့လဲဆိုတော့ သူတို့မှာ ရွေး ချယ်စရာရှိတယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နိုင်မှုနဲ့ပတ် သက်လို့ ဒေါ်နယ်ထရမ့်က တိုက်ရိုက် အဖြေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ နောက်လမှာ ဆော်ဒီအာရေဗျသို့ လာရောက်ဖွယ်ရှိတယ်လို့ပဲ သူက ပြောပါတယ်။
ကိုးကား – NHK
Ref; Trump presses Ukraine to compromise to achieve an early ceasefire
#Ayeyarwaddy_Times