
ဧရာဝတီတိုင်းမ်
မတ်လ ၆ ရက်
အမေရိကန်နဲ့ စစ်ဖြစ်ဖို့ အဆင်သင့်ပဲလို့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ကာ အမေရိကန်သွင်း ကုန်တွေအပေါ် လက်တုံ့ပြန်စည်းကြပ်ခွန် သတ်မှတ်တဲ့ တရုတ်နိုင်ငံက ပြောပါတယ်။
“စည်းကြပ်ခွန်စစ်ပွဲလား၊ ကုန်သွယ်ရေးစစ်ပွဲလား ဒါမှမဟုတ် အခြားစစ်ပွဲမျိုးလား တရုတ်က အမေရိကန်နဲ့ စစ်ဖြစ်ဖို့ အသင့်ပါပဲ။ တရုတ်နိုင်ငံက အဆုံးအထိ တိုက်ပွဲဝင်ဖို့ အဆင်သင့်ပါ” လို့ အမေရိ ကန်နိုင်ငံဆိုင်ရာ တရုတ်ကိုယ်စားလှယ်တွေက ဒေါ်နယ်ထရမ့်ကို တိုက်ရိုက် ခြိမ်းခြောက်မှုအနေနဲ့ ပြော ပါတယ်။
အိမ်ဖြူတော်က အမေရိကန်နိုင်ငံသို့ တင်သွင်းလာတဲ့ တရုတ်ကုန်စည်တွေကို ၂၀ ရာခိုင်နှုန်း စည်းကြပ်ခွန်ကောက်ဖို့ သတ်မှတ်လိုက်ပါတယ်။
ကာကွယ်ရေးအသုံးစရိတ် ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်မယ့်အစီအစဉ်နဲ့ မတ်လ ၁၀ ရက်မှစပြီး အမေရိကန်ပို့ကုန်တွေကို စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကောက်ခံမယ့်အစီအစဉ်ကို ကြေညာပြီး တရုတ်နိုင်ငံက လက်တုံ့ပြန်ခဲ့ပါတယ်။
ခြိမ်းခြောက်မှုကို ဂရုမစိုက်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ အမေရိကန်သံရုံးက သတိ ပေးခဲ့ပြီး ကုန်သွယ်ရေးစစ်ဖြစ်စေတဲ့ စည်းကြပ်ခွန်ကောက်ခံကြောင့် ဒေါ်နယ်ထရမ့်ကို ဝေဖန်လိုက်ပါ တယ်။
တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်မှုဟာ မနှစ်ကနဲ့ တူညီခဲ့ပြီး အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၁၉၀ ဘီလီယံခန့် ရှိလာမှာဖြစ်သလို သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂၀၂၇ ခုနှစ်မတိုင်မီ ခေတ်မီစစ်တပ် ထူထောင်မယ့်ရည်မှန်းချက်အရလဲဖြစ်ပါတယ်။
ရည်မှန်းချက်ပြည့်မီဖို့ အစွမ်းကုန် ကြိုးစားကာ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ အကျိုးစီးပွား တွေကို ကာကွယ်စောင့်ရှောက်နိုင်ရေး စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ပွဲဝင်ရေးအသင့်ဖြစ်မှု အရှိန်မြှင့်သွား မယ်လို့ တရုတ်ဝန်ကြီးချုပ် လီကျင်းက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၂၀၂၅ ခုနှစ်အတွက် စစ်ရေးဘတ်ဂျက်ဟာ ဒေါ်လာ ၈၅၀ ဘီလီယံဝန်းကျင် ရှိ တယ်လို့ သိရပါတယ်။
မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံအပေါ် စည်းကြပ်ခွန်သတ်မှတ်မှုဟာ အင်္ဂါနေ့က အာဏာတည်ခဲ့ပြီး အမေရိကန်အစိုးရရဲ့ စည်းကြပ်ခွန်သစ် တိုးမြှင့်မှုကြောင့် တရုတ်က အခုလို ပြင်းထန်စွာ တုံ့ပြန်ခဲ့တာပါ။
ကိုးကား – The Telegraph
Ref; China says it is ‘ready for war’ with America
#Ayeyarwaddy_Times