ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေရှိလင့်ကစား ရုရှားနဲ့မြန်မာဟာ ကုန်သွယ်ရေးနဲ့ စီး ပွားရေး ပူးပေါင်းဆောင်ရွက်မှု တက်ကြွစွာ လုပ်ဆောင်နေတယ်လို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင် လှိုင်နဲ့ တွေ့ဆုံစဉ် ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှူစတင်က ပြောပါတယ်။

မတ်လ ၄ ရက်က မော်စကိုမြို့တော်ရှိ အစိုးရအိမ်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်း အောင်လှိုင်ကို ကြိုဆိုပြီးနောက် တွေ့ဆုံချိန်မှာ သူက အခုလို ပြောကြားခဲ့တာပါ။

“ရုရှားနဲ့မြန်မာအပေါ် တရားမဝင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေပေမယ့် နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ စီး ပွားရေး ပူးပေါင်းဆောင်ရွက်မှု အောင်မြင်စွာ ဖွံ့ဖြိုးနေပြီး နှစ်နိုင်ငံကုန်သွယ်မှု ကြီးထွားနေပါတယ်။ စွမ်း အင်၊ နျူကလီးယားစွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ လယ်ယာစိုက်ပျိုးရေးမှာ ပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်နိုင်တဲ့ အလားအလာတွေရှိပါတယ်” လို့ သူက ဆိုပါတယ်။

တယ်လီကွန်းနဲ့ သတင်းထုတ်ပြန်မှုနည်းပညာ၊ အစားအသောက်လုပ်ငန်း၊ သတ္တုတူးဖော်မှုနဲ့ သတ္တုအရင်းအမြစ်နယ်ပယ်မှာ ပူးတွဲစီမံကိန်းသစ်တွေ ဖော်ဆောင်ဖို့ နှစ်နိုင်ငံစလုံးက စဉ်းစားနေတယ် လို့ ၎င်းက ဆက်ပြောပါတယ်။

မြန်မာဟာ အာရှ-ပစိဖိတ်ဒေသမှာ ရုရှားနိုင်ငံရဲ့ အရေးပါသော မိတ်ဖက်တိုင်းပြည်တစ်ခုဖြစ် တယ်လို့ မီခေးလ်မီရှူစတင်က ပြောပါတယ်။

“ဒီနှစ်မှာ ရုရှားနဲ့မြန်မာကြား ချစ်ကြည်ရင်းနှီးမှု ပူးတွဲကြေညာချက် ၂၅ နှစ်ပြည့် အထိမ်းအမှတ် နှစ် ဖြစ်ပါတယ်။ အဆွေတော်ရဲ့ ခရီးစဉ်က ရုရှားနဲ့မြန်မာကြား နယ်ပယ်အားလုံးမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ဖို့ အထောက်အကူဖြစ်စေမယ်ဆိုတာ သံသယမရှိပါဘူး” လို့ သူက ဆိုပါတယ်။

ကိုးကား – Interfax

Ref; Russian PM says there is potential for boosting cooperation with Myanmar in energy, nuclear energy, agriculture

#Ayeyarwaddy_Times