
ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
ယူကရိန်းသမ္မတ ဇီလန်စကီးက သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကတောက်ကဆတ်ဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံက ယူကရိန်းနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အဆင်သင့်ရှိနေမယ်လို့ နိုင်ငံခြားရေးဝန် ကြီး မာကိုရူဘီယိုက ပြောပါတယ်။
သမ္မတနှစ်ဉီးကြား ဆွေးနွေးမှုတွေ ကျိုးပျက်ပြီးနှစ်ရက်အကြာ တနင်္ဂနွေနေ့မှာ မာကိုရူဘီယိုက ABC News အစီအစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။
အမေရိကန်နိုင်ငံဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို စေ့စပ်ညိှနှိုင်းရေး စားပွဲဝိုင်းသို့ရောက်ရှိဖို့ ကြိုးစားနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ယူကရိန်းနိုင်ငံက ငြိမ်းချမ်းရေးပြုလုပ်ဖို အဆင်သင့်ဖြစ်ချိန်မှာ ကျွန်တော်တို့ ပြန်လည်ထိတွေ့ ဆက်ဆံဖို့ အဆင်သင့်ရှိပါမယ်” လို့ သူက ဆိုပါတယ်။
တစ်စုံတစ်ရာကို ပြောင်းလဲရမယ်လို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်က ABC News ရုပ်သံဌာနသို့ ပြောကြားပါတယ်။
ဇီလန်စကီးဟာ ပြန်စဉ်းစားဖို့လိုအပ်ပြီး စေ့စပ်ညိှနှိုင်းရေးစားပွဲဝိုင်းသို့ ပြန်လာရမှာဖြစ်ပြီး မ ဟုတ်ရင် တစ်စုံတစ်ယောက်က ယူကရိန်းနိုင်ငံကို ဉီးဆောင်ဖို့ လိုအပ်နေပြီလို့ ၎င်းက ပြောပါတယ်။
ကိုးကား – NHK
Ref; Rubio: US could restart talks when Ukraine is ready to make peace
#Ayeyarwaddy_Times