ဧရာဝတီတိုင်းမ်
မတ် ၄ ရက်

တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးနိုင်ရေး ကမ္ဘောဒီးယားနယ်စပ်နေရာတစ်ချို့မှာ တံတိုင်း တစ်ခုတည်ဆောက်ဖို့ ထိုင်းနိုင်ငံက လေ့လာနေတယ်လို့ သိရပါတယ်။

“တံတိုင်းတည်ဆောက်ရင် ဘယ်လိုပြီးအောင်လုပ်မလဲ?။ ဘာရလဒ်တွေထွက်လာပြီး ပြဿနာ တွေကို ဘယ်လိုဖြေရှင်းမလဲ? ဒါဟာ လေ့လာမှုတစ်ခုဖြစ်ပါတယ်” လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယုဟောင်ဆပ်ဘ်က ပြောပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားဟာ ကီလိုမီတာ ၈၁၇ နယ်နိမိတ် ထိစပ်နေပါတယ်။ ထိုင်း ကာကွယ်ရေး ဝန်ကြီးဌာနဟာ ယခင်က နှစ်နိုင်ငံကြား ကီလိုမီတာ ၅၅ ရှိတဲ့ တောလမ်းကိုပိတ်ဆို့မယ့် စည်းရိုးတစ်ခု တည်ဆောက်ဖို့ အဆိုပြုဖူးပါတယ်။

အရှေ့တောင်အာရှမှာ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ နှစ်ချီ လုပ်ကိုင်နေပြီး ကမ္ဘာ့ နိုင်ငံများစွာမှ ပြည်သူတွေကို ငွေကြေးလိမ်လည်နေပါတယ်။

ဇန်နဝါရီလအတွင်း တရုတ်သရုပ်ဆောင် ဝမ်ကျင်း အလုပ်အကိုင်အတု ကတိကဝတ်နဲ့ ထိုင်းနိုင် ငံသို့ ဖြားယောင်းခံရကာ မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတစ်ခုသို့ ပြန်ပေးဆွဲခံရပြီးနောက် ကျားဖြန့် လုပ်ငန်းတွေ နှိမ်နင်းခံခဲ့ရပါတယ်။

မြန်မာနိုင်ငံ၊ မြဝတီမြို့မျာ တရုတ်နိုင်ငံသား အများစုအပါအဝင် နိုင်ငံခြားသား ၇၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ရဖို့ စောင့်ဆိုင်းလျက်ရှိပါတယ်။

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှ လွတ်မြောက်လာတဲ့ ရာပေါင်းများစွာသော နိုင်ငံခြားသား တွေဟာ ပိတ်မိနေပြီး နေရပ်ပြန်ဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းမှုဟာ လုံလောက်မှုမရှိဘဲ မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းတွေမှာ လူပေါင်း ၃၀၀၀၀၀ ခန့် လုပ်ကိုင်နေတယ်လို့ ထိပ်တန်း ထိုင်းလွှတ်တော်အမတ်တစ်ဉီးက ပြီးခဲ့တဲ့အပတ် မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Thailand mulls wall at Cambodia border as scam center crackdown widens

#Ayeyarwaddy_Times