
ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်တွင် မတ်လ ၁ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများက လူငယ်အချို့ကိုအတင်းအဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်လာကြောင်း ဒေသခံများထံက သိရသည်။
ကျေးရွာများတွင်ဖမ်းဆီးမှုများပိုမိုပြုလုပ်နေပြီး စစ်မှုထမ်းစာရင်းတွင်ပါ၀င်သည်ဟုဆိုကာလူငယ် ၁၅ ဦးခန့်ကို ဖမ်းဆီးပြီး ကားဖြင့်ခေါ်သွားသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ပြောသည်။
“နံမည်စာရင်းပါတယ်ကြားပြီး ညဆို ၀င်ဆွဲတော့တာပဲ။ အင်းရဲကျွန်းရွာမှာတစ်ညထဲ ရှစ်ယောက်လောက်ပါသွားတယ်” ဟုဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ညပိုင်းအပြင်ထွက်သူ မရှိဖြစ်နေပြီး စစ်ကောင်စီမှ ပေါ်တာဆွဲခြင်းကြောင့်
လူငယ်များမှာ နေထိုင်ရာကျေးရွာများမှ တိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့သည့်အတွက် တိုင်းနှင့်ပြည်နယ်အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက် ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်။
#ကျုံပျော်မြို့နယ် #လူငယ်၁၅ဦးခန့် #စစ်မှုထမ်းရန် #ဖမ်းဆီးခံရ #Ayeyarwaddy_Times