မအူပင် အထက ၁ မှာ ကျောင်းသားတွေကို ကင်းကြေး ၅၀၀ ကောက်ခံနေ

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၃ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ပျက်ကွက်တဲ့ကလေးတွေကို ဒဏ်ငွေရိုက်ပြီး ကင်းကြေးတောင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ကျောင်းမတက်တဲ့ကလေးတွေကို ဒဏ်ငွေတောင်းသလို ကျောင်းပုံမှန်တက်တဲ့ ကလေးတွေကိုလည်း ကင်းကြေး ၅၀၀ ကောက်ခံပြီး ကျောင်းမှာညစောင့်တဲ့သူတွေကို ကင်းကြေးအဖြစ် ပြန်ပေး နေရတာဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ရုပ်သံ – ဧရာဝတီတိုင်းမ်