
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
တရုတ်နိုင်ငံက မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ်မှာ ခေတ်မီ ရေဒါစနစ်တစ်ခု တပ်ဆင်ခဲ့ရာ အိန္ဒိယနိုင်ငံရဲ့ ဒုံးကျည်အစီအစဉ်နဲ့ အမျိုးသားလုံခြုံရေးအတွက် သိသာတဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ် လာစေနိုင်ပါတယ်။
အသစ်တပ်ဆင်လိုက်တဲ့ LPAR ရေဒါစနစ်ဟာ ကီလိုမီတာ ၅၀၀၀ ကျော်အထိ ထောက်လှမ်းမှု ပြုလုပ်နိုင်ရာ တရုတ်အနေနဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ အိန္ဒိယအတွင်းပိုင်းအထိ စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။
ကြိုတင်သတိပေးချက်စနစ်နဲ့ စောင့်ကြည့်စနစ်ပါတဲ့ LPAR ရေဒါစနစ်ဟာ အချိန်နဲ့တစ်ပြေးညီ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုတွေကို ထောက်လှမ်းပြီး ခြေရာခံနိုင်မှာဖြစ်သလို အိန္ဒိယနိုင်ငံအရှေ့ပိုင်းကမ်းရိုး တန်းရှိ အရေးကြီးတဲ့နယ်မြေတွေမှ ဒုံးကျည်စမ်းသပ်မှုတွေကို ထိရောက်စွာ စောင့်ကြည့်နိုင်မှာဖြစ်ပါ တယ်။
အဆိုပါနယ်မြေတွေဟာ အိန္ဒိယရဲ့ အဂ္ဂနီ ၅ နဲ့ ကေ ၄ လိုမျိုး ခေတ်မီ ပဲ့ထိန်းဒုံးကျည်တွေ စမ်း သပ်ရာနေရာတွေ ဖြစ်ပါတယ်။
အိန္ဒိယဒုံးကျည်တွေရဲ့ လမ်းကြောင်း၊ အမြန်နှုန်းနဲ့ အကွာအဝေးတွေကို ပုံရိပ်ဖမ်းယူနိုင်မှာဖြစ်လို့ တရုတ်နိုင်ငံက မဟာဗျူဟာမြောက် အားသားချက်ရရှိကာ အိန္ဒိယရဲ့ ဒုံးကျည်တပ်ဖွဲ့ကို တန်ပြန်အစီအမံ တွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ယူနန်ပြည်နယ်ဟာ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ ကပ်လျက်တည်ရှိတာကြောင့် တရုတ်နိုင်ငံက အိန္ဒိယရေတပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်မှာဖြစ် ပါတယ်။
တရုတ်နိုင်ငံရဲ့ အဆိုပါရေဒါစနစ် ဖြန့်ကြက်ဖို့ဆုံးဖြတ်ချက်ဟာ ကြိုတင်အချက်ပေးစနစ်နဲ့ ထောက်လှမ်းရေးစနစ် အဆင့်မြှင့်တင်ဖို့ ကျယ်ပြောသော မဟာဗျူဟာနဲ့ ကိုက်ညီပါတယ်။
အိန္ဒိယနဲ့တရုတ်ကြား တင်းမာမှုတွေ မြင့်တက်နေဆဲဖြစ်ပြီ တရုတ်ရဲ့ အိန္ဒိယနယ်စပ်တွေမှာ ကင်းထောက် အခြေခံအဆောက်အအုံတွေ တိုးချဲ့မှုက ဒေသတွင်း လုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်မှုနဲ့ပတ် သက်လို့ စိုးရိမ်မှုတွေ မြင့်တက်စေပါတယ်။
တရုတ်ရဲ့စောင့်ကြည့်မှုမှ အရေးကြီးတဲ့နေရာတွေကို ကာကွယ်စောင့်ရှောက်ဖို့ အိန္ဒိယဟာ တန် ပြန်ကင်းထောက်အစီအမံတွေနဲ့ အစားထိုး ဒုံးကျည်စမ်းသပ်နယ်မြေတွေ ရှာဖွေနေတယ်လို့ သိရပါ တယ်။
ကိုးကား – India Today
Ref; China deploys advanced radar near Myanmar border, poses security threat to India
#Ayeyarwaddy_Times