(ကျားဖြန့်လုပ်ငန်းတွေ များပြားလာမှုမှာ ထိုင်းအာဏာပိုင်တွေက ကြံရာပါတွေလို့ ဆို)

ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

မြန်မာနယ်စပ်မှာ တရားမဝင် အွန်လိုင်းလောင်းကစားတွေကို တိုက်ဖျက်နိုင်မယ့် ဘက်စုံပါဝင် တဲ့ အစီအမံတွေ ပိုမိုလုပ်ဆောင်ကြဖို့ ထိုင်းပြည်သူ့ပါတီ ဒုတိယခေါင်းဆောင် ရန်စီမန်ရိုမီက ပြောပါ တယ်။

မြဝတီမြို့မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ လူ ၃၀၀၀၀၀ ခန့် လုပ်ကိုင်နေပြီး ၁၀၀၀၀ ခန့်ကို သာ ကယ်တင်နိုင်သေးတယ်လို့ လွှတ်တော် အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီ ဥက္ကဌ လည်းဖြစ်သူ ရန်စီမန်ရိုမီက ဆိုပါတယ်။

မြန်မာနယ်စပ်မှာ ကျားဖြန့်လုပ်ကိုင်တဲ့နေရာ ၄၀ ခန့်ရှိတယ်လို့ နယ်စပ်ဒေသတွေကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ သူက ဆက်ပြောပါတယ်။

ကျားဖြန့်အရေးဟာ ထိုင်းအစိုးရ ဖြေရှင်းနေတဲ့ အရေးတကြီးကိစ္စတစ်ခုဖြစ်တယ်လို့ ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက ကြာသပတေးနေ့မှာ လွှတ်တော်၌ ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်နေသူတွေကို ထိုင်းအာဏာပိုင်တွေရဲ့ နှိမ်နင်းမှုက မလုံလောက် သေးဘူးလို့ ရန်စီမန်ရိုမီက ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင် စောချစ်သူနဲ့ ထိုင်းအာဏာပိုင်တွေကြား ကြီးမားတဲ့ ပတ်သက်မှုရှိတယ်လို့ ၎င်းက ဆိုပါတယ်။

ထိုင်းအစိုးရနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေမှ တာဝန်ရှိသူတွေဟာ ကျားဖြန့်လုပ်ငန်းတွေ များပြား လာမှုမှာ ကြံရာပါသူတွေဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

“ထိုင်းနိုင်ငံမှာ အဂတိလိုက်စားမှုကို တိုက်ဖျက်ရမယ့် အချိန်ရောက်ပါပြီ” လို့ ရန်စီမန်ရိုမီက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Government’s scam centre crackdown not enough, warns Rangsiman

#Ayeyarwaddy_Times