
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ် သာလမ်းသွယ်တွင် ဖြစ်ပွားခဲ့သည့် ဓာတ်ဆီ လောင်း မီးရှို့ခံခဲ့ရပြီး ဆေးရုံတင်ထားရသည့် စစ်ကောင်စီခန့် ရာအိမ်မှူးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က အိမ်ထောင်စုစာရင်းလိုက်လံကောက်ယူ နေသည့် စစ်ကောင်စီခန့် ရာအိမ်မှူးနှင့်အဖွဲ့ကို အမျိုး သားတစ်ဦးက ဓာတ်ဆီနှင့်လောင်း မီးရှို့ခဲ့ရာ ရာအိမ်မှူးနှင့်အတူ အမျိုးသမီးနှစ်ဦးပါ မီးလောင်ခဲ့ခြင်းဖြစ်သည်။
“ရာအိမ်မှူး အောင်မိုးက ဆေးရုံမှာ အဲ့ဒီဒဏ်ရာတွေနဲ့ပဲ သေသွားပြီ။ ကျန်တဲ့ရုံးအဖွဲ့ဝင် မိန်းမနှစ် ယောက်လည်း အတော် ကုယူနေရတယ်”ဟု ဒေါပုံမြို့နယ်နေ အမျိုးသမီးတစ် ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရာအိမ်မှူး ဦးအောင်မိုးဆိုသူမှာ မီးလောင်ဒဏ်ရာများကို ဆေးရုံပေါ်တွင် ကုသမှုခံယူနေရာမှ အခင်းဖြစ်ပွားပြီး ၁၄ ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ ရသည့် ဆယ်အိမ်မှူးဒေါ်နှင်းသီတာနှင့် ရုံးအဖွဲ့ဝင်အမျိုးသမီးတစ်ဦးတို့မှာလည်း ရန်ကုန်ဆေးရုံကြီးတွင် ဆက်လက်ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ရာအိမ်မှူးနှင့်အဖွဲ့ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် အမျိုးသားကိုမူ လက်ရှိအချိန်ထိ ဖမ်းဆီးရ မိခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံက သိရသည်။
#ရန်ကုန် #ဒေါပုံ #ကြည်စုရပ်ကွက် #အုပ်ချုပ်ရေးအဖွဲ့ #ရာအိမ်မှူး #ဓာတ်ဆီလောင်း #မီးရှို့ခံရ #သေဆုံး #Ayeyarwaddy_Times