ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

မြန်မာပြည်သူတွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချနိုင်ရင် အရင်ဆုံး လုပ်သင့်တဲ့အလုပ်က ကော့စတာရီကာနိုင်ငံရဲ့ လမ်းစဉ်အတိုင်း စစ်တပ်ကို ဖျက်သိမ်းဖို့ဖြစ်ပါ တယ်။ စစ်တပ်ကို ပြုပြင်ပြောင်းလဲတာ သို့မဟုတ် အရွယ်အစားလျှော့ချတာမလုပ်ပဲ အပြီးတိုင် ဖျက် သိမ်းရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တိုက်ခိုက်ဖို့ ခြိမ်းခြောက်နေတဲ့ ပြည်ပရန်သူတွေမရှိပဲ လုံခြုံရေးပြဿနာအား လုံးဟာ ပြည်တွင်းရေးဖြစ်ပါတယ်။ မြန်မာပြည်သူတွေ လိုအပ်တာဟာ သမာသမတ်ကျတဲ့ ရဲတပ်ဖွဲ့သာ ဖြစ်ပြီး အကျင့်ပျက်ချစားတဲ့ ရက်စက်ကြမ်းကြုတ်သောစစ်တပ်ကို မဟုတ်ပါ။ မြန်မာနိုင်ငံ ၁၉၄၈ ခုနှစ် မှာ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း စစ်တပ်ဟာ တိုင်းပြည်ကို ဘေးသင့်စေခဲ့ပါတယ်။

တပ်မတော်အဖြစ် လူသိများတဲ့ မြန်မာစစ်တပ်ဟာ အစကတည်းက တာထွက်မကောင်းခဲ့တာ ပါ။ ဗြိတိသျှခေတ်က မြန်မာစစ်တပ်မရှိခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာမျိုးချစ်လူငယ်တွေဟာ ဂျပန်ထံမှ စစ်ပညာသင်ယူခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ စစ်ရှံးခဲ့ပေမယ့် မြန်မာမျိုးချစ်လူငယ်တွေဟာ မြန်မာစစ်တပ်ထူထောင်တဲ့ မျိုး ဆက်ဖြစ်လာခဲ့ပြီး ဂျပန်ထံမှ သင်ခန်းစာမှားတွေ သင်ယူခဲ့ပါတယ်။ စစ်တပ်ဟာ အခြားအဖွဲ့အစည်း အားလုံးရဲ့ အထက်မှာရှိတဲ့ အခွင့်ထူးခံဖြစ်ပြီး အရပ်သားတွေကို ဉီးဆောင်ရမယ်လို့ ၎င်းတို့က သင်ယူခဲ့ရ ပါတယ်။ အစိုးရတွေကိုဖြုတ်ချတာဟာ လွယ်ကူပြီး ဆုချီးမြှင့်မှုလို့ ၎င်းတို့ သင်ယူခဲ့ရပါတယ်။

မြန်မာစစ်တပ်ထူထောင်ပြီး ၇၅ နှစ်အကြာမှာ စစ်အရာရှိတွေက အာဏာသိမ်းပြီး ဥပဒေအမျိုး မျိုး ပြဌာန်းခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ တိုင်းရင်းသား လူနည်းစုလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့ ပါတယ်။ (မြန်မာ့လူဉီးရေရဲ့ သုံးပုံနှစ်ပုံဟာ ဗမာလူမျိုးတွေဖြစ်ပြီး စစ်သားတွေက စစ်ထဲဝင်ခြင်းဟာ အ ခြားလူမျိုးစုတွေကို နှိမ်ထားတဲ့အလုပ်လို့ ရှုမြင်ကြပါတယ်)

ကျောင်းသားတွေနဲ့ အရပ်သားတွေက စီးပွားရေးကျဆင်းမှုနဲ့ နိုင်ငံရေးဖိနှိပ်မှုကို ဆန္ဒပြရဲပေမယ့် မြန်မာစစ်တပ်ကတော့ အပြစ်မဲ့ပြည်သူတွေကို အစုလိုက်သတ်ဖြတ်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ စီးပွား ရေးကို ထိရောက်စွာ ထိန်းချုပ်ခဲ့တာကြောင့် တိုင်းပြည်က ပိုဆင်းရဲလာခဲ့ပါတယ်။

မြန်မာနဲ့ ကပ်လျက်တည်ရှိတဲ့ ထိုင်းနိုင်ငံဟာ အမွှာတိုင်းပြည်လိုဖြစ်ခဲ့ပါတယ်။ မြန်မာနဲ့ထိုင်း ဟာ ဘာသာစကား ကွဲပြားပေမယ့် နှစ်ထောင်ချီတဲ့ သမိုင်းကြောင်း၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုတွေရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ လူတစ်ဉီးချင်းဝင်ငွေဟာ ဒေါ်လာ ၇၀၀၀ ရှိပေမယ့် မြန်မာနိုင်ငံ ရဲ့ လူတစ်ဉီးချင်းဝင်ငွေက ဒေါ်လာ ၁၁၀၀ မျှသာရှိခဲ့ပါတယ်။ မြန်မာစစ်တပ်က ဒီလိုဖြစ်အောင် ပြုလုပ်ခဲ့ တာပါ။

တပ်မတော်ကို ကြောက်ရွံ့ပေမယ့် မချစ်နှစ်သက်သလို အရာရှိလွှာဟာ သီးခြားကမ္ဘာမှာ နေထိုင် ကြပါတယ်။ ၂၀၁၁ ခုနှစ်မှာ မြန်မာစစ်တပ်ထူထောင်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်က စစ်တပ်ကို နိုင်ငံရေးအာဏာ မျှဝေစေခဲ့တဲ့ အကြမ်းမဖက်တော်လှန်မှုကို ဉီးဆောင်ခဲ့ပေ မယ့် စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အကြမ်းဖက်ပြီး အာဏာပြန်သိမ်းခဲ့ပါတယ်။

အရမ်းနောက်ကျသွားခဲ့ပါပြီ။ မြန်မာပြည်သူတွေဟာ ဆယ်စုနှစ်တစ်ခုကြာအောင် လွတ်လပ်မှု၊ အကြောက်တရားမရှိဘဲ နေထိုင်ခဲ့ရပြီး တိုင်းပြည်စီးပွားရေးဟာ ပြန်လည်ကောင်းမွန်မယ့်လက္ခဏာတွေ ပြသခဲ့ပါတယ်။

ဆယ်စုနှစ်ချီ တော်လှန်ခဲ့ကြတဲ့ ကရင်၊ ရှမ်း၊ ရခိုင်နဲ့ အခြားလူနည်းစုတွေဟာ မြန်မာစစ်တပ်ကို ပြန်လည်တိုက်ခိုက်ခဲ့သလို ဒီအချိန်မှာတော့ ဗမာလူမျိုးတွေကိုယ်တိုင် စစ်တပ်ကိုတော်လှန်မှုမှာ ပူး ပေါင်းခဲ့ပါတယ်။ ထောင်ချီတဲ့ ကျောင်းသားတွေနဲ့ လူငယ်တွေဟာ စစ်သင်တန်းတက်ရောက်ဖို့ စစ်တပ် က တင်းကျပ်စွာ ထိန်းချုပ်ထားရာ မြို့ပြတွေကို စွန့်ခွာခဲ့ကြပါတယ်။

ယနေ့ စစ်အာဏာသိမ်းမှုအပြီး (၃) နှစ်အကြာမှာတော့ စစ်တပ်ဟာ မြို့ပြအားလုံးကို ထိန်းချုပ် ထားဆဲဖြစ်ပေမယ့် ကျေးလက်ဒေသရဲ့ ထက်ဝက်ကျော်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ထဲရောက် နေပြီဖြစ်ပါတယ်။ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာဒေသတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ပေမယ့် တော်လှန်ရေးသမားတွေက ဒရုန်းတွေနဲ့ ပြန်တိုက်ခိုက်ပါတယ်။

မြန်မာစစ်တပ်မှ တပ်ရင်းလိုက်တွေ ဘက်ပြောင်းခိုလှုံနေပေမယ့် စစ်ကောင်စီဟာ စစ်သားလို အပ်ချက်တွေကို ဖြည့်ဆည်းဖို့ စစ်မှုထမ်းဥပဒေကို ကြေညာခဲ့ပါတယ်။ လိုရာသုံးနိုင်တဲ့ဖဲချပ်က မြန်မာ နိုင်ငံမြောက်ပိုင်းနဲ့ ရှည်လျားသော နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်နိုင်ငံဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ယခင်က မြန်မာစစ်တပ်ကို ပံ့ပိုးကူညီခဲ့ပြီး အဓိက စစ်လက်နက် ထောက်ပံ့ပေး ခဲ့ပေမယ့် မြန်မာစစ်ကောင်စီကို မနှစ်သက်ပါဘူး။ တော်လှန်ရေးအဖွဲ့အားလုံးအတွက် မှန်ကန်သော ရည် မှန်းချက်က စစ်တပ်ကို ဖျက်သိမ်းရမယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်ရေးဖြစ်ပေမယ့် အဖွဲ့ တိုင်းမှာ မတူညီသော ရည်မှန်းချက်တွေ ရှိနေပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ထိန်းချုပ်ဒေသတွေကို ခိုင်မာတောင့်တင်းအောင် ပြု လုပ်လို့ မြန်မာနိုင်ငံဟာ တစ်ပိုင်းတစ်စစီဖြစ်နေပြီး တိုင်းပြည်အလယ်ပိုင်းမှာ အင်အားချိနဲ့ စစ်ကောင်စီ က အာဏာချုပ်ကိုင်ပြီး ဆုံးရှုံးနယ်မြေတွေမှာ လက်စားချေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါ တယ်။

မြန်မာနိုင်ငံ ထပ်မံပြီး တစ်ပိုင်းတစ်စစီဖြစ်မှာ မြေကြီးလက်ခတ်မလွဲပါဘဲ” လို့ အပြည်ပြည်ဆိုင် ရာ အကျပ်အတည်းဖြေရှင်းရေးအဖွဲ့ (ICG) က မကြာသေးမီက ပြောကြားခဲ့ပါတယ်။

Bangkok Post သတင်းစာပါ ဆောင်းပါးရှင် Gwynne Dyer ရဲ့ Burma on the brink of ousting the military? ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times