ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်

အိမ်နီးချင်းတိုင်းပြည်များရှိ ထိုင်းပြည်သူတွေကို ဒုက္ခပေးနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖယ်ရှားရှင်းလင်းပြီးသည်အထိ ထိုင်းအစိုးရက လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် ပေထောင်တန်ရှင် နာဝပ်ထရာက ပြောပါတယ်။

“ကျားဖြန့်ပြဿနာ တည်ရှိနေသရွေ့ အဆိုပါငွေလိမ်ဂိုဏ်းတွေကို အလေးအနက် ဖယ်ရှားရှင်း လင်းမယ်” လို့ အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ၎င်းက ဆိုပါတယ်။

ထိုင်းပြည်သူတွေကို ပစ်မှတ်ထားတဲ့ ကျားဖြန့်ဂိုဏ်းတွေကို တိုက်ဖျက်တဲ့ ထိုင်းအစိုးရရဲ့ လုပ် ဆောင်ချက်တွေကို အစည်းအဝေးမှာ ရှင်းပြခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိပြည်သူတွေရဲ့ တိုင်းပြည်တွေနဲ့ ကာကွယ်ရေးဝန် ကြီးဌာနက အနီးကပ် လက်တွဲဆောင်ရွက်နေပါတယ်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းမယ့် (၃) နိုင်ငံ ဆွေးနွေးပွဲတွေအတွက် ထိုင်း၊ တရုတ်နဲ့မြန်မာက ပူးတွဲအဖွဲ့တစ်ခု ထူထောင်မယ်လို့ သူက ပြောပါတယ်။

ထိုင်း၊ တရုတ်၊ မြန်မာနဲ့ ကမ္ဘောဒီးယားအစိုးရတွေက ကျားဖြန့်ပြဿနာကို အလေးထား ဆွေး နွေးနေကြတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပေထောင်တန်ဟာ သောကြာနေ့မှာ ကမ္ဘောဒီးယားနယ်စပ်ကို သွားရောက်ကာ ကျားဖြန့်ပြဿ နာ တိုက်ဖျက်ရေး အရှိန်အဟုန်မြှင့်မှုကို လေ့လာမယ်လို့ သိရပါတယ်။

“ကျားဖြန့်ပြဿနာ အဆုံးသတ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်လို့ တိုင်းပြည်အများစုရဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ကျွန်မတို့ ရရှိခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ကျားဖြန့်ပြဿနာကို အပြင်းအထန် ဖြေရှင်းနေပြီး အိမ်နီးချင်းတိုင်းပြည်တွေဟာ ဒီလိုလုပ်ဆောင်မှုရဲ့ အကျိုးဖြစ်ထွန်းနေတယ်ဆိုတာ ကျွန်မတို့ ယုံကြည်မှုရှိရှိ ပြောနိုင်ပါတယ်” လို့ သူ က ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; PM commits to eliminating scam gangs preying on Thais

#Ayeyarwaddy_Times