ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

ထိုင်းနဲ့မြန်မာရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိလင့်ကစား အဆိုပါတိုင်း ပြည်များသို့သွားရောက်တဲ့ နိုင်ငံသားတွေအတွက် ခရီးသွားအကြံပြုချက် ထုတ်ပြန်မှာမဟုတ်ဖူးလို့ မ လေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

လစာမြင့် အလုပ်အကိုင် အခွင့်အလမ်းတွေရဲ့ ဖြားယောင်းမှုတွေနဲ့အတူ မြန်မာနဲ့ထိုင်းနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှာ မလေးရှားနိုင်ငံသားအချို့ အဓမ္မ ခိုင်းစေခံနေရတယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်နေစဉ် သူက အခုလို ပြောကြားတာပါ။

“ခရီးသွားအကြံပြုချက် ထုတ်ပြန်ရမယ့် ဆုံးဖြတ်ချက်ဟာ မလေးရှားနိုင်ငံရဲ့ ထိုင်း၊ မြန်မာတို့နဲ့ နီးကပ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ထည့်သွင်းစဉ်းစားရာမှာပါ” လို့ လွှတ်တော်သို့ စာရေးသားဖြေကြားမှု မှာ ၎င်းက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းအများစုဟာ ထိုင်းနဲ့ တရုတ်နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ လုပ်ကိုင်နေတာလို့ သူက ရှင်းပြပါတယ်။

အဆိုပါဒေသတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပြီး ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ အလုပ်လုပ်မယ့် နိုင်ငံခြားသားတွေအတွက် ကြားခံနေရာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

“မလေးရှားနိုင်ငံသား ကျားဖြန့်လူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့ မလေးရှားအစိုးရဟာ ရန် ကုန်နဲ့ဗန်ကောက်ရှိ သံရုံးတွေကတစ်ဆင့် ဒေသန္တရအာဏာပိုင်တွေနဲ့ ပုံမှန် ဆက်သွယ်မှု၊ အနီးကပ် ပူး ပေါင်းဆောင်ရွက်မှု ပြုလုပ်နေပါတယ်” လို့ မိုဟာမက်ဟတ်ဆန်က ဆက်ပြောပါတယ်။

မလေးရှားအစိုးရဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်မှာ မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများမှ မလေးရှားနိုင်ငံသား ၁၁၄ ဉီးနဲ့ ထိုင်းနိုင်ငံမှ ၁၅၇ ဉီးကို ကယ်တင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ကိုးကား – Malaymail
Ref; Malaysia to address job scams via Asean, no travel advisory planned

#Ayeyarwaddy_Times