ဧရာဝတီတိုင်မ်း
ဖေဖေါ်ဝါရီ ၂၄ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်တွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်နှင့်ရဲ၊ ပြည်သူ့စစ်များမှကင်းလှည့်ရာတွင် လူငယ်အချို့ကို အတင်းအဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာကြောင်းသိရသည်။

ဟင်္သာတမြို့နယ်၊အုန်းပင်ကွင်းကျေး၊ မကျီးကုန်း၊ မြေခြားစသည့်ကျေးရွာများတွင် တစ်ပတ်အတွင်းမှာပင် လူငယ် ခုနှစ်ဦးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးပြီးကားဖြင့်တင်သွားသည်ကို မြင်တွေ့ရကြောင်း မြို့ခံများမှပြောသည်။

“လမ်းဘေးမှာ နွားကျောင်းနေတဲ့ကောင်လေးတောင်မထားဘူး။ ကားပေါဆွဲတင်တာ ၊လူငယ်တွေ မနည်းပါသွားတယ်။ မိဘတွေကတော့ ငွေပေးပြီး လိုက်ထုတ်နေတယ်ရမရတော့မသိသေးဘူး”ဟု မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်းကိုပြောသည်။

ဟင်္သတမြို့ပေါ်နှင့်ကျေးရွာများတွင်လည်း ညဘက် အပြင်ထွက်သူများကို စစ်ကောင်စီမှ ပေါ်တာဆွဲနိုင်ကြောင်း သတင်းများထွက်ပေါ်နေပြီး ယခု ဖမ်းဆီးခံရသောလူငယ်များကိုလည်းအတင်းအဓမ္မ စစ်မှုထမ်းရန်ခလရ ၁၈ သို့ ပို့ထားကြောင်း ဒေသခံများမှ သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့သည့်အတွက် တိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက် ဖမ်းဆီးမှုများပိုမိုလုပ်ဆောင်လာကြောင်းသိရသည်။

#ဟင်္သာတမြို့နယ်#တစ်ပတ်အတွင်း #လူငယ် ၇ ဦး #စစ်မှုထမ်းရန်ဖမ်းဆီးခံရ#

#Ayeyarwaddy_Times