ဧရာဝတီတိုင်းမ်
ဖေဖော််ဝါရီ ၂၃ ရက်

ယခုနှစ်အာဆီယံ အကြီးတန်းအကြံပေးဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ခရီးစဉ်ရှိနေသည့် ထိုင်းတောင်ပိုင်းရှိ မြို့များတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး အရပ်သားတစ် ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

နာရာသီဝတ်(Narathiwat)ပြည်နယ်သို့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့်အဖွဲ့၏ လေယာဉ်မဆင်း သက်မီ တစ်နာရီခန့်အလို ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းထိန်းချုပ်ရေး စင်တာအနီး၌ ရပ်ထားသည့် မီးသတ်ဌာန၏ ပစ်ကပ်ကားတွင် ဗုံးပေါက်ကွဲခဲ့ပြီး လေဆိပ်လုံခြုံရေး လေး ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ညပိုင်းကလည်း ယာလာပြည်နယ်ရှိ Big-C စူပါမားကတ် ရှေ့တွင် ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကင်းလှည့် နေသည့်ရဲတပ်ဖွဲ့ဝင် ခုနစ် ဦးဒဏ်ရာရရှိခဲ့ကာ အခြားအရပ်သား လေး ဦးဒဏ်ရာ ရရှိခဲ့ ကြောင်းသိရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် တောင်ပိုင်းပဋိပက္ခများ နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းရန် ထိုင်းနိုင်ငံ၏ တောင်ဘက်အစွန်ဆုံး နာရာသီဝတ်ပြည်နယ်သို့ လာရောက်ခြင်း ဖြစ်သည်။

အဆိုပါခရီးစဉ်မှာ ဝန်ကြီးချုပ်ဟောင်း၏ ဆယ်စုနှစ် နှစ်ခုတာကာလအတွင်း ပထမဆုံးခရီးစဉ်ဖြစ်ပြီး ၎င်းနှင့်အတူ ထိုင်းဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန် ကြီး Phumtham Wechayachai နှင့် တရားရေးဝန်ကြီး တို့လည်း လိုက်ပါလာကြောင်း သိရသည်။

ကိုးကား – Bangkok Post
#ထိုင်းဝန်ကြီးချုပ်ဟောင်း #သက်ဆင်ရှင်နာဝပ် #Ayeyarwaddy_Times