ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

ယူကရိန်းစစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ရုရှားတပ်ဖွဲ့ဝင် အရေအတွက်ဟာ ၉၅၀၀၀ ကျော် ရှိလာခဲ့ပြီ လို့ ဗြိတိန်ရုပ်သံလွှင့်ဌာန BBC က ဖော်ပြပါတယ်။

ရုရှားတပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ ရုရှားသတင်းဌာန Mediazona နဲ့ လက်တွဲဆောင်ရွက်ခဲ့တယ်လို့ BBC က ပြောပါတယ်။

ရုရှားကျူးကျော်စစ် (၃) နှစ်ပြည့်မတိုင်မီ သောကြာနေ့က ရုရှားတပ်ဖွဲ့ဝင်တွေ သေဆုံးမှုအရေအ တွက်ကို BBC က ထုတ်ပြန်ခဲ့တာပါ။ ရုရှားစစ်သား ၉၅၀၂၆ ဉီး ယူကရိန်းစစ်ပွဲအတွင်း သေဆုံးခဲ့ပြီလို့ BBC က ဆိုပါတယ်။

အချက်အလက်တွေဟာ မကြာသေးမီက စစ်မြေပြင်မှာ သေဆုံးခဲ့သူတွေကို အခြေခံခဲ့တာဖြစ်ပြီး အမှန်တစ်ကယ် သေဆုံးခဲ့တဲ့ ရုရှားတပ်ဖွဲ့ဝင်အရေအတွက်ဟာ ၁၄၀၀၀၀ မှ ၂၁၁၀၀၀ ကျော်အထိ ရှိနိုင် တယ်လို့ BBC က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နောက်ပိုင်း တစ်ပတ်အတွင်း ယူကရိန်းအရှေ့ပိုင်း ဒွန်းနက်စ်ဒေသရှိ နယ် မြေ (၄) ခုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိရာ ရုရှားနိုင်ငံအ နောက်ပိုင်း ကတ်စ်ဒေသရှိ ဧရိယာတစ်ခုကို ရုရှားစစ်တပ်က ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကာကွယ်ရေးဝန် ကြီးဌာနက ဆိုပါတယ်။

ရုရှားစစ်တပ်ဟာ ထိခိုက်သေကျေမှု ကြီးမားလင့်ကစား ထိုးစစ်ဆင်မှု ဆက်လက်ပြုလုပ်နေတာ ကို အဆိုပါအချက်အလက်တွေက ပြသနေပါတယ်။

ကိုးကား – NHK
Ref; BBC: 95,026 Russian military personnel confirmed dead in invasion of Ukraine

#Ayeyarwaddy_Times