
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ စစ်ကောင်စီ၏ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲရုံး မိုင်းခွဲခံရကြောင်း သိရသည်။
သန်လျင်မြို့၊ အောင်မင်္ဂလာ (၁) လမ်းရှိ တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးကို ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်ခန့်က မိုင်းခွဲခံရကြောင်း သိရသည်။
“မိုင်းကွဲတာဖြစ်ဖို့များတယ်။ ကျွန်မတို့နေတဲ့နေရာနဲ့ဆို သုံးရပ်ကွက်လောက်ခြားတာတောင် အိမ်တွေပါတုန်သွားတယ်။ ကွဲတာတော့ တစ်ချက်ထဲပဲ။ ဒီမနက်မှ ရွေးကောက် ပွဲကော်မရှင်ရုံးခွဲခံရတယ်ဆိုတာ သိရတယ်”ဟု သန်လျင်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါရွေးကောက်ပွဲကော်မရှင်ရုံးသည် သန်လျင်မြို့မရဲ စခန်း၊ စစ်ကောင်စီတပ်စွဲရာ ထွေအုပ်ရုံးတို့အနီးတွင်တည်ရှိပြီး စစ်ကောင်စီသည် မိုင်းပေါက်ကွဲပြီးနောက် ရွေးကောက်ပွဲရုံးအနီးဝန်းကျင်ကို ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အပြင် သန်လျင်တံတားအနီးဝန်းကျင်ကိုလည်း ပိတ်ဆို့စစ်ဆေးခဲ့ပြီး ကင်းပုန်းဝပ်ခြင်းများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မည်သည့်မြို့ပြပြောက်ကျားတော်လှန် ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကို ထုတ်ပြန် ထားခြင်းမရှိသေးပေ။
#ရန်ကုန် #သန်လျင် #စစ်ကောင်စီ #ရွေးကောက်ပွဲကော်မရှင်ရုံး #မိုင်းဖောက်ခွဲ #Ayeyarwaddy_Times