ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်

စုစုပေါင်း ဒေါ်လာ ၅၀ ဘီလီယံခန့်ရှိတဲ့ အသုံးစရိတ် ဖြတ်တောက်မှု သို့မဟုတ် အမေရိကန်စစ် တပ်ဘတ်ဂျက်ရဲ့ (၈) ရာခိုင်နှုန်းကို ပစ်မှတ်ထားနိုင်တဲ့ အစီအစဉ်တွေကို စာရင်းပြုစုဖို့ အမေရိကန် ကာ ကွယ်ရေးဝန်ကြီး Pete Hegseth က သူ့ဝန်ကြီးဌာနကို ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဉီးစားပေးတွေနဲ့ကိုက်ညီတဲ့ အစီအစဉ်တွေမှာ သုံးစွဲနိုင်ရေး ကာကွယ် ရေးဘတ်ဂျက် ပြန်လည်သုံးသပ်မှု ပြုလုပ်ဖို့ Pete Hegseth က ညွှန်ကြားခဲ့တယ်လို့ ကာကွယ်ရေးဝန် ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

ဉီးစားပေးအစီအစဉ်တွေထဲမှာ နယ်စပ်လုံခြုံရေးနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်သစ်တစ်ခု တည် ဆောက်မှု ပါဝင်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ယခင်အစိုးရလက်ထက်က အတည်ပြုခဲ့တဲ့ မလိုအပ်သော အသုံးစ ရိတ်တေွကို ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်ရှိ အမေရိကန်တပ်ဖွဲ့တွေဟာ ဘတ်ဂျက်ဖြတ် တောက်မှုဒဏ် သက်ရောက်ခံရနိုင်တယ်လို့ The Washington Post သတင်းစာက ဖော်ပြပါတယ်။

Pete Hegseth ရဲ့ ညွှန်ကြားချက်က တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားကြီးထွားလာမှုကို တန်ပြန် မယ့် အာရှ-ပစိဖိတ်ဒေသရှိ စစ်ဘက်ဆိုင်ရာ တည်ဆောက်ရေးစီမံကိန်းတွေကို ဉီးစားပေးတယ်လို့ The Washington Post သတင်းစာက ဆိုပါတယ်။

Pete Hegseth ရဲ့ ညွှန်ကြားချက်ဟာ ကာကွယ်ရေးဘတ်ဂျက်ကို အတည်ပြုရတဲ့ ကွန်ဂရက်မှာ ကန့်ကွက်မှုတွေ သေချာပေါက် ရင်ဆိုင်ရနိုင်တယ်လို့ အဆိုပါသတင်းစာက ဆက်ပြောပါတယ်။

ကိုးကား – NHK
Ref; US defense chief instructs Pentagon to review 8% of military budget

#Ayeyarwaddy_Times