ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းလိုအပ်ချက်အရ လစဥ်တိုင်း လူရှာပေးရန် ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့်စာရေးများကို ဖေဖော်ဝါရီဒုတိယပါတ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးမှ ခေါ်ယူ သတိပေးကြောင်း သိရသည်။

သာပေါင်း မြို့နယ်တွင် ကျေးရွာအုပ်စု ၇၁ စုရှိပြီး စစ်မှုထမ်းရန်အတွက် တစ်အုပ်စုလျှင် လူငယ်တစ်ဦး နှုန်းရှာပေးရန် ဖိအားပေးခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။

” လူရှာမပေးနိုင်ရင် အရင်လိုနှုတ်ထွက်ဖို့ အရေးယူ တော့မှာမဟုတ်ပဲ ၊ စစ်မှုထမ်းဥပဒေကို အဟန့်အတားဖြစ်တယ်ဆိုပြီး ထောင်ချမယ်လို့ ခြိမ်းခြောက်ဖိအားပေးတာ”ဟု ထွေအုပ်၀န်ထမ်းတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ နို၀င်ဘာ နှင့် ဒီဇင်ဘာလအတွင်း စစ်မှုထမ်းဥပဒေအရ လူစုဆောင်းပေးရန် ပျက်ကွက်ခဲ့သော ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး၊ကြက်ပေါင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျုံပျော်မြို့နယ်ကညင်ဆိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ သုံးဦးကို စစ်ကောင်စီကတာ၀န်မှ ဖယ်ရှားခဲ့သည်။

လက်ရှိတွင် ဧရာ၀တီတိုင်းအတွင်း စစ်ကောင်စီမှ အင်အားလိုအပ်နေပြီး စစ်မှုထမ်းဥပဒေကိုအသုံးပြုကာ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုဖိအားပေးနေသည့်အပြင် လူငယ်အချို့ကို အတင်းအဓမ္မပေါ်တာဆွဲရန် ပြင်ဆင်နေကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရသည်။

#စစ်မှုထမ်းလူရှာပေးရန် #သာပေါင်းမြို့နယ် #ကျေးရွာအုပ်ချုပ်ရေးမှူးများ #ခရိုင်စစ်ကောင်စီ #ဖိအားပေး
#Ayeyarwaddy_Times