ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

တရုတ်နိုင်ငံသားတွေ အပါအဝင် သာမန်ပြည်သူတွေ လူကုန်ကူးခံရစေတဲ့ နယ်စပ်ဖြတ်ကျော် ရာ ဇဝတ်မှုတွေကို အရေးယူဖို့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု ကြုံတွေ့နေရတဲ့ မြန်မာစစ်ကောင်စီက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းဖို့ တရုတ်နိုင်ငံကို ကတိပြုလိုက်ပါတယ်။

နယ်စပ်တစ်လျှောက် ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ရာမှာ တရုတ်၊ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ လက်တွဲပြီး ကြိုးပမ်းဖို့ မြန်မာစစ်ကောင်စီက ကတိပြုခဲ့တယ်လို့ သိရပါတယ်။

တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး လျူကျုံဂီ၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဉီး သန်းဆွေနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ကြား ဆွေးနွေးပြီးနောက် နေ ပြည်တော်ရှိ တရုတ်သံရုံးက အခုလို ထုတ်ပြန်ခဲ့တာပါ။

“အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေလိုမျိုး တရားမဝင် ရာဇဝတ်မှုတွေအပေါ် အ ပြင်းအထန် ဖြိုခွင်းဖို့ မြန်မာစစ်ကောင်စီက ထုတ်ဖော်ပြောခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ဖော်ပြပါတယ်။

အနာဂတ်မှာ ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းရာမှာ အသုံးပြုမယ့် သီးခြားအစီအမံတွေကို မြန်မာစစ် ကောင်စီက ဖော်ပြခဲ့ပါတယ်။
တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး လျူကျုံဂီဟာ ထိုင်းနဲ့မြန်မာကြား နယ်စပ်တစ် လျှောက် နိုင်ငံတကာကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမှုတွေကို အရှိန်မြှင့်ဖို့ အာဆီယံဒေသသို့ သွား ရောက်လျက်ရှိပါတယ်။

ထိုင်းနယ်စပ်အနီး ကျားဖြန့်လုပ်ငန်းတွေမှ ကယ်တင်ခဲ့တဲ့ နိုင်ငံခြားသား ၁၀၀၀ ခန့်ကို နေရပ်ပြန် ပို့မယ်လို့ မြန်မာစစ်ကောင်စီက ယနေ့ ပြောကြားခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar promises China it will seriously crack down on border scams

#Ayeyarwaddy_Times