
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
မြန်မာနိုင်ငံရှိ ဆိုက်ဘာငွေလိမ်ဂိုဏ်းတစ်ခုမှ ကယ်တင်ခဲ့ရတဲ့ တရုတ်သရုပ်ဆောင်တစ်ဉီး ပြန် ပေးဆွဲခံရမှုမှာ ပတ်သက်မှုရှိတဲ့ တရုတ်နိုင်ငံသား (၁၀) ဉီးကို ထိုင်းနိုင်ငံက ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
တရုတ်သရုပ်ဆောင် ဝမ်ကျင်းဟာ ထိုင်းရုပ်ရှင်ကားတစ်ခုမှာ ပါဝင်ဖို့ ထိုင်းနိုင်ငံသို့ လေကြောင်း နဲ့ လာရောက်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ မတွေ့ရှိမီ ထိုင်းနယ်စပ်မြို့တစ်ခုအနီး ပျောက်ဆုံးခဲ့ပါတယ်။
ပြည်နှင်ဒဏ်ပေးခံရသူတွေဟာ မြဝတီမြို့ရှိ ကျားဖြန့်ဂိုဏ်းတစ်ခုမှဖြစ်ပြီး ဝမ်ကျင်းအပါအဝင် တရုတ်နိုင်ငံသားတွေကို လိမ်လည်မှုမှာ ပါဝင်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါ တယ်။
“သံသယရှိသူ (၁၀) ဉီးကို မနေ့ကညနေပိုင်းမှာ တရုတ်နိုင်ငံကို ပြန်ပို့လိုက်ပါပြီ။ ထိုင်း လူဝင် မှုကြီးကြပ်ရေးရဲတွေက သူတို့ကို လိုက်ပါစောင့်ကြပ်ပြီး သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ပြန်ပို့ခဲ့တာပါ” လို့ ရဲအရာရှိတစ်ဉီးက ပြောပါတယ်။
ဇန်နဝါရီလအတွင်း ဝမ်ကျင်းကို မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတစ်ခုမှ ကယ်တင်ပြီးနောက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဝမ်ကျင်းကို ကယ်တင်ပြီးနောက် အမှုနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံသား (၁၀) ဉီးဟာ ထိုင်းနိုင်ငံ မှာ ဖမ်းဆီးမခံရမီ ကမ္ဘောဒီးယားနိုင်ငံသို့ နေရာရွှေ့ပြောင်းဖို့ မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့တယ်လို့ အကြီး တန်း ရဲအရာရှိတစ်ဉီးဖြစ်သူ သတ်ချိုင်းပီတက ပြောပါတယ်။
သံသယရှိသူ (၁၀) ဉီးဟာ မန်နေဂျာ၊ လုံခြုံရေးအစောင့်နဲ့ လူကုန်ကူးခံရသူတွေကို လိမ်လည်သူ အပါအဝင် ကျားဖြန့်လုပ်ငန်းမှာ အသီးသီး ပါဝင်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု အရှိန်မြှင့်ဖို့နဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက် ရာမှာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းရဲတပ်ဖွဲ့က ကတိပြုခဲ့ပါ တယ်။
ကိုးကား – AFP
Ref; Thailand deports 10 to China linked to actor Wang Xing cyber-fraud case
#Ayeyarwaddy_Times